Pages

Friday, January 18, 2013

LED Stage ဖြင့် ပထမဦးဆုံး ရိုက်ကူးမည့် မြ၀တီနှစ်ပတ်လည် သီချင်း အစီအစဉ်အတွက် အနုပညာရှင်များ ဖိတ်ခေါ်



ရန်ကုန် ၊ ၁၈-၁-၂၀၁၃

၂၀၁၃ ခုနှစ် ၊ မတ်လ ၂၇ ရက်တွင် ကျရောက်မည့် မြ၀တီ ရုပ်မြင်သံကြား နှစ်ပတ်လည်နေ့ အထိမ်း အမှတ် တေးသီချင်းများ ရိုက်ကူးခြင်းအား LED Stage ဖြင့် ပထမဦးဆုံး ရိုက်ကူးသွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ အစီအစဉ်ကို ဖေဖော်ဝါရီ လကုန် အထိ ရိုက်ကူးမည် ဖြစ်ရာ အနုပညာရှင်များ ပါဝင်နိုင်ရန် ဖိတ်ခေါ် ထားကြောင်း သိရသည်။

မြ၀တီ ရုပ်မြင်သံကြား၏ (၁၈)နှစ်မြောက် နှစ်ပတ်လည် အဖြစ် ၄င်းအစီအစဉ်ကို LED Stage , Mesh Curtain အပြင်အဆင် ဖြင့် မြ၀တီ ရုပ်မြင်သံကြားဝင်း (မှော်ဘီ) အတွင်း ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။ ၄င်းအစီအစဉ် တွင် ပါဝင်လိုသော ရုပ်ရှင် နှင့် ဂီတ အနုပညာရှင်များ ၊ အကအဖွဲ့များ အနေဖြင့် ဖုန်း ၀၉- ၇၃၁၇၈၀၅၀ ၊ ၀၉- ၇၃၁၃ ၅၃၀၅ ၊ ၀၃၁- ၇၃၅၂၉ ၊ ၀၃၁- ၇၃၅၃၁ တို့သို့ ဆက်သွယ် မေးမြန်း စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment