Pages

Friday, January 18, 2013

မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှု နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကွန်ဖရင့် ၂၀၁၃ ကျင်းပမည်



ရန်ကုန် ၊ ၁၈-၁-၂၀၁၃

ဟိုတယ်နှင့် ခရီးသွား လာရေး ကြီးကြပ်မှု ဖြင့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် နှင့် စင်ကာပူ နိုင်ငံ အခြေစိုက် Sphere Exhibits Private Ltd တို့မှ ပထမ ဦးဆုံး အကြိမ် မြန်မာနိုင်ငံ ဧည့်ဝန်ဆောင်မှု နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ ကွန်ဖရင့် ၂၀၁၃ ကို လာမည့် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်နေ့ အထိ ရန်ကုန်မြို့ ၊ ကုန်သည်ကြီးများ ဟိုတယ် တွင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ဖရင့်ကို မြန်မာနိုင်ငံ၏ တိုးချဲ့ ဆောင်ရွက်မည့် စီမံကိန်း များရှိ ရင်းနှီးမြှုပ်နှံမှု များအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ ၊ ခရီးသွား လုပ်ငန်း အေဂျင်စီများ ၊ ခရီးသွား လုပ်ငန်း နယ်ပယ် နှင့် စီးပွားရေး နယ်ပယ် များမှ လုပ်ငန်းရှင်များ အပြင် ပြည်ပနိုင်ငံရှိ Starwood Hotels and Resorts , Hilton Worldwide စသည့် ဟိုတယ် လုပ်ငန်း ကုမ္ပဏီ ကြီးများ ၊ Kepple Land International စသည့် Developer ကုမ္ပဏီ များအပြင် ပြည်ပ ကုမ္ပဏီပေါင်း ၆၀ ကျော်မှ တာဝန်ရှိသူများ တက်ရောက် ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ ပြည်တွင်း လုပ်ငန်းရှင်များ တက်ရောက် လိုပါက ကွန်ဖရင့် ၀င်ကြေး အမေရိကန် ဒေါ်လာ ၅၀၀ ပေးသွင်း ရမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ၊ ဖုန်း ၀၁- ၈၅၅၁၀၁၂ ၊ ၀၁- ၈၅၅ ၁၀၁၃ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment