Pages

Friday, January 18, 2013

မြန်မာပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၈-၁-၂၀၁၃

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်းချုပ် နှင့် စင်ကာပူ နိုင်ငံ Advantique Group Pte Ltd တို့ ပူးပေါင်း၍ မြန်မာ ပုဂ္ဂလိက ရင်းနှီး မြှုပ်နှံမှု ဆွေးနွေးပွဲ ကို ရန်ကုန်မြို့ ၊ နတ်မောက်လမ်း ရှိ ချက်ထရီယံ ဟိုတယ်၌ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂၈ ရက်နေ့ နံနက် ၈ နာရီ မှ ၅ နာရီထိ နှင့် ၂၉ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ၂ ရက်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲ သို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည့် စီးပွားရေး လုပ်ငန်းရှင်များ ၊ စာရင်းအင်း နှင့် ဥပဒေ အတိုင်ပင်ခံ ကုမ္ပဏီများ ၊ သုတေသီများ ၊ ကျွမ်းကျင် ပညာရှင် များနှင့် ၀န်ကြီး ဌာနမှ တာဝန်ရှိသူ များ ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက် ကြမည် ဖြစ်သည်။ ဆွေးနွေးပွဲ တက်ရောက် ခြင်းဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပြုပြင် ပြောင်းလဲ တိုးတက်မှု များနှင့် ရင်းနှီးမြှုပ်နှံရေး ဥပဒေသစ်ကို ပြည်တွင်း ၊ ပြည်ပ ပညာရှင် များက လေ့လာ သုံးသပ် ဆွေးနွေး ခြင်းအား သိရှိနိုင် ကြမည် ဖြစ်ပြီး နိုင်ငံတကာ လုပ်ငန်းရှင် များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး ၊ ရင်းနှီးမြှုပ်နှံ ရေး ကိစ္စများ အပြန်အလှန် ဆွေးနွေး နိုင်ကြမည် ဖြစ်သည်။

ယင်းဆွေးနွေးပွဲသို့ မြန်မာ့ လုပ်ငန်းရှင်များ အနေဖြင့် တက်ရောက်ရန် စိတ်ဝင်စားပါက အသေးစိတ် အချက်အလက် များကို www.umfcci.net နှင့် www.advantiquegroup.com သို့ ၀င်ရောက် ကြည့်ရှု လေ့လာ နိုင်ကြောင်း နှင့် တက်ရောက်ရန် စာရင်း ပေးလိုပါက Registration ပုံစံ ဖြည့်စွက်၍ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ၊ နိုင်ငံတကာ ဆက်ဆံရေး ဌာနသို့ ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၂၆ ရက် နောက်ဆုံးထား၍ အမည်စာရင်း ပေးပို့ ကြရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment