Pages

Thursday, January 10, 2013

ရတနာပုံအသင်း လက်မှတ်အရောင်းကိုယ်စားလှယ်များ ခန့်အပ်မည်

ရတနာပုံအသင်း လက်မှတ်အရောင်းကိုယ်စားလှယ်များ ခန့်အပ်မည် ဇန်န၀ါရီလ(၁၀)ရက်နေ့ ရတနာပုံအသင်းသည် ၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီ အိမ်ကွင်း ပွဲစဉ်များတွင် ပရိသတ်များ လွယ်ကူစွာ အားပေးနိုင်ရန် အတွက် ရတနာပုံအသင်း လက်မှတ် အရောင်း ကိုယ်စားလှယ် များ ခန့်အပ်မည်ဟု သိရှိရသည်။ ရောင်းချလိုသည့် အရောင်းကိုယ်စားလှယ်များ သည် အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ အိမ်ထောင်စု ဇယား မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ၊ မှတ်ပုံတင် မိတ္တူများ ယူဆောင်လာ ပြီး ၂၆ လမ်း၊ ၆၉ လမ်းထောင့် Alpine ရုံးသို့ လာရောက် လျှောက်ထား နိုင်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၅၄၁၂၅၄၄ ၊ ၀၉၄၃၂၀၀၂၄၀ သို့ ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ကြောင်း သိရသည်။ လက်မှတ် အရောင်း ကိုယ်စားလှယ်များ အား လက်မှတ်၏ ၁၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် ပေးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment