Pages

Thursday, January 10, 2013

(၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပမည့် သတင်း

(၇၅)နှစ်မြောက် စိန်ရတု ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ကျင်းပမည့် သတင်း ဇန်န၀ါရီလ(၁၀)ရက်နေ့
ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးနေ့ ပွဲတော်အား ကျောက်ကြီးမြို့၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ကွင်းပြင်နှင့် အောက်မေ့ဖွယ် ခန်းမတွင် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်မှ ကရင်တိုင်းရင်းသား များ စုစည်း၍ (၇၅)နှစ်မြောက် စိန်ရတု အခမ်းအနား အဖြစ် ကျင်းပမည် ဖြစ်သည်။ အခမ်းအနားတွင် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ ကရင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးစောဂျူဗလီစံလှ တက်ရောက်၍ ကေအင်န်ယူ တပ်ရင်း/တပ်ဖွဲ့များမှ နံနက် ၆ နာရီအချိန်တွင် ကရင် တိုင်းရင်းသား အမျိုးသား အလံတင် အခမ်းအနား ကျင်းပမည် ဖြစ်သည်။ ဇန်န၀ါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ကရင်သမိုင်း ဓလေ့ ထုံးတမ်း ယဉ်ကျေးမှု ပြခန်း၊ ကရင်ရိုးရာ ယဉ်ကျေးမှု အသုံးအဆောင် ပစ္စည်းပြခန်း၊ အသိပညာပေး ပြခန်းများ ဖွင့်လှစ် ပြသပေးမည် ဖြစ်ပြီး အဆိုပါ ညများတွင် အဆိုတော် ကဗျာဘွဲ့မှူး၊ မီးမီးခဲ၊ ချောစုခင်၊ ဘရိတ်ကီ၊ ဟက်ကက်၊ ဖိုးခွား တို့မှ Century တေးဂီတ အဖွဲ့ဖြင့် တွဲဖက်၍ စတိတ်ရှိုးဖြင့် သီဆို ဖျော်ဖြေ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment