Pages

Thursday, January 10, 2013

Y-Talk ၏ တစ်နှစ်ပြည့် တေးဂီတနှင့် ဖက်ရှင်ရှိုးပွဲ ကျင်းပမည်

Y-Talk ၏ တစ်နှစ်ပြည့် တေးဂီတနှင့် ဖက်ရှင်ရှိုးပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၀)ရက်နေ့
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရတနာပုံ တယ်လီပို့စ်ကုမ္ပဏီ နှင့် VMG တယ်လီပို့စ် တို့ ပူးပေါင်း၍ Y-Talk ၏ တစ်နှစ်ပြည့် တေးဂီတနှင့် ဖက်ရှင်ရှိုးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ညနေ ၆ နာရီတွင် ကျင်းပမည် ဖြစ်ရာ ဖျော်ဖြေပွဲတွင် အာဇာနည်၊ ဆိုတေး၊ ဟဲလေး၊ ဂျေမီ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ နိုင်းဝမ်း၊ စန္ဒီမြင့်လွင်၊ သီရိဆွေ၊ အိမ့်ချစ်၊ မိစန္ဒီ၊ Snare, S.I.R နှင့် Bobby Soxer တို့ ဖျော်ဖြေ တင်ဆက်သွား မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖျော်ဖြေပွဲနှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲကို စင်ထရယ်ဟိုတယ် ကျောက်စိန်းခန်းမ တွင် ဇန်န၀ါရီလ ၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ဦးလင်းနိုင်ဦး က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး စမိုင်းက Y-Talk ၏ Anniversary Show ဖြစ်ရန် စီစဉ်ထားမှုကို ရှင်းလင်း ပြောကြားကာ တာဝန်ခံ ကိုပီးပေါ်က ပါဝင်ကြ မည့် တေးသံရှင်များနှင့် Band များကို မိတ်ဆက် ပေးခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment