Pages

Saturday, January 12, 2013

ဆေးတက္ကသိုလ်(၂) ရန်ကုန် အနှစ်(၅)ပြည့် ရွှေရတု အခမ်းအနား ကျင်းပမည်

ဆေးတက္ကသိုလ်(၂) ရန်ကုန် အနှစ်(၅)ပြည့် ရွှေရတု အခမ်းအနား ကျင်းပမည် ဇန်န၀ါရီလ(၁၂)ရက်နေ့ ဆေးတက္ကသိုလ်(၂) ရန်ကုန်၏ အနှစ်(၅၀)ပြည့် ရွှေရတု အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နှင့် ၃ ရက်နေ့များ တွင် ကျောင်း ပရ၀ုဏ်အတွင်း ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၂ ရက် အစီအစဉ်များတွင် ရွှေရတု အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးခြင်း၊ သံဃာတော် ၅၀ ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ပျော်ပွဲ ရွှင်ပွဲများ ကျင်းပခြင်းနှင့် ညစာ စားပွဲ ကျင်းပခြင်းတို့ ပါဝင်ပြီး ဖေဖော်ဝါရီ ၃ ၇က်နေ့ အစီအစဉ် များတွင် အသက် ၇၀ နှစ်နှင့် အထက် ဆရာ၊ ဆရာမကြီး များအား ကန်တော့ခြင်း၊ နှစ်(၅၀)ပြည့် ရွှေရတု အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပခြင်း၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲ များ ကျင်းပခြင်း ပဒေသာ ကပွဲများ ကျင်းပခြင်းတို့ ပြုလုပ်မည် ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူ ဟောင်းများ အားလုံး ပါဝင် ဆင်နွှဲကြရန် အသိပေး နှိုးဆော် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment