Pages

Saturday, January 12, 2013

စတုတ္ထအကြိမ်မြောက် ရှင်ဥပဂုတ္တ ဖောင်တော် ရေမျှောပွဲ ကျင်းပမည်

စတုတ္ထအကြိမ်မြောက် ရှင်ဥပဂုတ္တ ဖောင်တော် ရေမျှောပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၂)ရက်နေ့ ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တထောင် မြို့နယ်၊ ဗိုလ်တထောင် ဆိပ်ကမ်းတွင် စတုတ္တအကြိမ်မြောက် ရှင်ဥပဂုတ္တ ဖောင်တော် ရေမျှောပွဲကို ဇန်န၀ါရီလ ၁၉ ရက်နေ့ နေ့လည် ၂ နာရီခွဲ ရေကျချိန်တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲသည် ၁၁ လပိုင်း ၁၂ ရက်နေ့မှ စတင်၍ အပူဇော်ခံခဲ့ပြီး ၁၈ ရက်နေ့တွင် စတုဒီသာ ကျွေးမွေးကာ ၁၉ ရက်နေ့တွင် ရေမျှောပွဲအား မြစ်သုံးဆိုင်မှ သင်္ဘောများ ဖြင့် မျှောမည် ဖြစ်ပါသဖြင့် သင်္ဘောပေါ်တွင် လိုက်လိုသူများ လိုက်ပါ နိုင်ကြောင်း သိရသည်။ အဆိုပါ ရှင်ဥပဂုတ္တ ဖောင်တော် ရေမျှောပွဲတွင် ပထမဦးစွာ ရွှေ့ဖောင်တော် သည် သန်လျင် ဆိပ်ကမ်းကပ်ပြီး ဒုတိယ ငွေဖောင်တော်သည် စမိတ်ခုံ ကျေးရွာ သံဃာ့နာယက ဆရာတော်မှ ပင့်ပြီး ကန်တော် မင်္ဂလာတွင် ပူဇော် ထားရှိ၍ တတိယ ပတ္တမြား ဖောင်တော် သည် တောင်ဒဂုံ ဆရာတော်ကြီး ၏ ကန်တော် မင်္ဂလာတွင် ပူဇော်ခံ ထားရှိကာ ယခု ကျောက်စိမ်း ဖောင်တော် အား လာရောက် ပူဇော်မည့် သူများအား မေးမြန်းလျက် ရှိကြောင်း သိရသည်။ နောင်နှစ် ဖောင်တော်ကို နီလာဖောင်တော်ဟု အမည်ပေးထား မည် ဖြစ်ကြောင်း သင်္ဘောနှင့် ပတ်သက်သော လုပ်ငန်း လုပ်သူများနှင့် ခရီးသွား ပြည်သူများ ဘေးဥပါဒ် အန္တရာယ် ကင်းရှင်း အောင် ရည်ရွယ်၍ ပူဇော်ခြင်း ဖြစ်ကြောင်း နှင့် အိပ်မက်အရ ပူဇော်ခြင်း ဖြစ်ကြောင်း ဦးအောင်မြင့် (မြန်မာ့ ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်း ရေယာဉ်အုပ်)မှ ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment