Pages

Saturday, January 12, 2013

ကလျာဏ မိတ္တနာမှုနှင့် လူမှု ကူညီရေးအသင်း ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

ကလျာဏ မိတ္တနာမှုနှင့် လူမှု ကူညီရေးအသင်း ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၂)ရက်နေ့ ပဲခူးမြို့၊ ဆိုရှယ်လစ် ၂၄ လမ်း၊ ထီးချိုင့် ဓမ္မရိပ်သာ ကျောင်းဝင်းတွင် ဖွဲ့စည်း တည်ထောင် ထားသော ကလျာဏ မိတ္တ (စုပေါင်းအခမဲ့) နာမှုနှင့် လူမှု ကူညီရေး အသင်းကြီး၏ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲကို ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၆ နာရီတွင် ရွှေမော်ဓော စေတီတော် ယာဉ်ရပ်နားဝင်း၍ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတ ဖျော်ဖြေပွဲကို နာမှုနှင့် လူမှု ကူညီရေး အသင်းကြီး၏ ကုသိုလ်ပြု လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ ဒဂုံအဖျော်ယမကာ လီမီတက်နှင့် ပူးပေါင်း၍ စီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ ဂီတ ဖျော်ဖြေပွဲတွင် အဆိုတော် ရင်ဂို၊ ဘိုဖြူ၊ ဂျီလတ်၊ ဟဲလေး၊ သျှီ၊ အယ်လ်ဆိုင်းဇီ၊ မေသက်သားဆွေ၊ ခင်ပြည့်စုံသွေး၊ မေမြတ်နိုး၊ ဟာသ သရုပ်ဆောင် ခင်လှိုင်နှင့် ဒိန်းဒေါင် တို့က သီဆို ဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment