Pages

Saturday, January 19, 2013

ရန်ကုန် - ဟောင်ကောင် တိုက်ရိုက်ခရီးစဉ် ပျံသန်း

 
 


ရန်ကုန် ၊ ၁၉-၁-၂၀၁၃

ရန်ကုန် - ဟောင်ကောင် တိုက်ရိုက် ခရီးစဉ်ကို တစ်ပတ်လျှင် လေးရက်နှုန်းဖြင့် Hong Kong Dragon Air မှ ပျံသန်း ပြေးဆွဲပေး နေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျံသန်းခြင်း အထိမ်းအမှတ် အဖြစ် ယခုလမှ လာမည့် မတ်လကုန် အထိ ရန်ကုန် - ဟောင်ကောင် - ရန်ကုန် ခရီးစဉ်ကို အမေရိကန် ဒေါ်လာ ၃၈၈ ဖြင့် ရောင်းချ ပေးသွားမည် ဖြစ်ပြီး အပတ်စဉ် တနင်္လာ ၊ အင်္ဂါ ၊ ကြာသပတေး နှင့် စနေ နေ့များတွင် ပျံသန်း ပြေးဆွဲကာ ဇန်န၀ါရီ ၉ ရက်က စတင် ပျံသန်း ပေးခြင်း ဖြစ်ကြောင်း သိရသည်။

 Hong Kong Dragon Air လေကြောင်းလိုင်း မှာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံရှိ မြို့ပေါင်း ၂၁ မြို့ အပါအ၀င် ဒေသတွင်း ခရီးစဉ်ပေါင်း ၄၃ ခုအား လေယာဉ်ပေါင်း ၃၆ စင်းဖြင့် ပျံသန်း နေခြင်း ဖြစ်ပြီး တိုက်ရိုက် ခရီးစဉ်များ အဖြစ်လည်း နိုင်ငံပေါင်း ၁၆၀ ကျော် နှင့် ပျံသန်း ၀န်ဆောင် ပေးနေကြောင်း သိရသည်။ ထိုသို့ လေကြောင်း လိုင်းများ များပြား လာခြင်း နှင့်အတူ ခရီးသွား လုပ်ငန်းများ လည်း ဖွံ့ဖြိုးစေရန် အထောက်အကူ များဖြစ်လာ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment