Pages

Saturday, January 19, 2013

ကျွမ်းဘားအားကစားနည်း နည်းပြသင်တန်း ဖွင့်ပွဲ


ရန်ကုန် ၊ ၁၉-၁-၂၀၁၃

အားကစား ၀န်ကြီးဌာန ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ်မှ ကြီးမှူး ဖွင့်လှစ်သည့် ကျွမ်းဘား အားကစားနည်း နည်းပြ သင်တန်း (၁/၂၀၀၃) ဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ၊ ကျိုက္ကဆံ အားကစား ကွင်းရှိ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် လေ့ကျင့်ရေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်း ဖွင့်ပွဲတွင် အရှေ့တောင် အာရှာ ကျွမ်းဘား အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ကျွမ်းဘား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းဝင်းက သင်တန်းဖွင့် အမှာ စကား ပြောကြားပြီး တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ ကျွမ်းဘား နည်းပြဆရာ Mr. Xu Zheng Huan က ကျေးဇူးတင်စကား ပြောကြားသည်။ ၄င်းသင်တန်းသို့ အားကစား ၀န်ကြီးဌာန ၊ ပညာရေး ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များ နှင့် အဖွဲ့ချုပ်မှ သင်တန်းသား ၊ သင်တန်းသူ ၂၈ ဦးတို့ တက်ရောက် သင်ကြားကြပြီး သင်တန်းကို ဇန်န၀ါရီလ ၂၀ ရက်နေ့ထိ တရုတ် ကျွမ်းဘား နည်းပြဆရာ Mr. Xu Zheng Huan နှင့် Mr. Deng Hua Qing တို့က မြန်မာ ကျွမ်းဘား အားကစားနည်း တိုးတက် ပြန့်ပွားရေး နှင့် စွမ်းရည် မြင့်တင်ရန် အတွက် ပြည်တွင်းရှိ နည်းပြ ဆရာများအား ခေတ်မီ တိုးတက် နေသော ကျွမ်းဘား နည်းစနစ် များကို စာတွေ့ လက်တွေ့ သင်ကြား ပေးမည်ဖြစ်ရာ အနာဂတ် မြန်မာ့ ကျွမ်းဘား နည်းပြများ၏ အရည်အသွေး ပိုမို တိုးတက် လာစေမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment