မန္တလေး ၊ ၁၉-၁-၂၀၁၃
မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း
၊ စာပေ ရေချမ်းစင်အား မန္တလေးမြို့ ၊ ချမ်းအေးသာစံ မြို့နယ် ၊ မီးရထား ဘူတာရုံ အတွင်း
ပြုလုပ် ထားရှိရာ ဇန်န၀ါရီ ၁၆ ရက်နေ့က မီးရထား ၀န်ထမ်းများ ၊ ခရီးသွားမည့် သူများ ၊
စာပေ လေ့လာသူ များဖြင့် စည်းကားလျက် ရှိကြောင်း တွေ့မြင်ရသည်။
အဆိုပါ စာကြည့်တိုက် ဖောင်ဒေးရှင်း
စာပေ ရေချမ်းစင် များတွင် ပြည်သူများ အနေဖြင့် သတင်းစာများ ၊ ဂျာနယ်များ ၊ ဗဟုသုတ ရရှိစေမည့်
စာအုပ် စာစောင်များ ဖတ်ရှုလေ့လာ နိုင်ကြပြီး စာအုပ် စာစောင်များ လှူဒါန်း လိုပါက မန္တလေးတိုင်း
ဒေသကြီး ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ၊ တိုင်းဒေသကြီး ဦးစီးမှူး
ဦးကျော်သန်းထွန်း ၊ ခရိုင် ဦးစီးမှူး ဒေါ်သန်းသန်းဝေ ၊ ချမ်းအေး သာစံ မြို့နယ် ဦးစီးမှူး
ဦးဘိုဘိုဟန် တို့နှင့် ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။
No comments:
Post a Comment