Pages

Monday, December 10, 2012

ပဋ္ဌာန်းအောင်ပွဲ ခြိမ့်ခြိမ့်ဆဲ နိဗ္ဗာန်ဈေးပွဲတော်ဖြင့် စည်ကား

ဒီဇင်ဘာ(၁၀)ရက်နေ့ မြစ်ကြီးနားမြို့၊ ရန်အောင်မြင် ကျောင်းတိုက်၏ (၁၂)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်မှု အောင်ပွဲကို ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီက အဆိုပါ ကျောင်းတိုက် ၀င်း အတွင်းရှိ ပြည်တော်ဝင် စေတီတော်ကြီး ပဋ္ဌာန်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အောင်ပွဲအထိမ်း အမှတ်အဖြစ် နိဗ္ဗာန်ဈေး ပွဲတော်ကြီးနှင့် စည်ကား သိုက်မြို့စွာ ကျင်းပခဲ့သည်။ အဆိုပါ ပဋ္ဌာန်းအောင်ပွဲ တွင် ကျောက်တိုက်ကြီး ၏ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသနှင့် ပဋ္ဌာန နာယက ဆရာတော်ကြီး ၁၅ ပါး၊ ဘာဏက ဆရာတော် ၂၃ ပါး ကြွရောက် ကာ အလှူရှင် များ တက်ရောက် ကြပြီး ပဋ္ဌာန်း ရွတ်ဖတ်မှု အောင်ပွဲကို ကျင်းပ ခဲ့သည်။ အခမ်းအနား အပြီးတွင် အလှူရှင် များက ဆရာတော် သံဃာတော် များအား ဆွမ်းဆန်နှင့် လှူဖွယ် ပစ္စည်း များ လောင်းလှူခြင်း၊ တက်ရောက် လာသူ များအား နိဗ္ဗာန်ဈေး ပွဲတော်အဖြစ် ထမင်း၊ ဟင်း၊ မုန့်ဟင်းခါး၊ ခေါက်ဆွဲ၊ ကြာဇံ၊ သာကူ အစရှိသည့် မြန်မာမုန့် မျိုးစုံကို လှူဒါန်း ကျွေးမွေး ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment