Pages

Monday, December 10, 2012

KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့၊ တပ်မဟာ(၁)အား ဆန်ထောက်ပံ့

KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့၊ တပ်မဟာ(၁)အား ဆန်ထောက်ပံ့ ဒီဇင်ဘာ(၁၀)ရက်နေ့ နိုင်ငံတော်အစိုးရက KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့၊ တပ်မဟာ(၁)သို့ ဆန်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နေ့၊ နေ့လည် ၁၁ နာရီ ခွဲအချိန်က ဘီးလင်းမြို့၊ ဘိုးရာဇာ ရပ်ကွက်၊ အနောက် မင်္ဂလာလမ်း၊ အမှတ်(၂၁)ရှိ ``ရွှေဖူး´´ ရွှေတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီ ရုံးရှေ့၌ ပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ သတ္တုနှင့် သစ်တောဝန်ကြီး ဦးဝင်းမော်ဦး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါက်တာ ခင်မောင်သွင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင်၊ ဘီးလင်း မြို့နယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်နိုင်ဦး၊ KNU/KNLA ငြိမ်းချမ်းရေး အဖွဲ့၊ တပ်မဟာ(၁)၊ သထုံခရိုင် အတွင်းရေးမှူး စောကိုလေး နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေး အသင်း အဖွဲ့များ၊ စုစုပေါင်း ၆၀ ဦးခန့် တက်ရောက်ခဲ့သည်။ အခမ်းအနား တွင် ကရင် ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး အောင်လွင် က နိုင်ငံတော် အစိုးရမှ KNU/KNLA ငြိမ်းချမ်းရေးအဖွဲ့၊ တပ်မဟာ(၁) အား ထောက်ပံ့သည့် ဆန်အိတ် ၅၀၀ ကို စောကိုလေး ထံသို့ ပေးအပ်ခဲ့ သည်။ ထို့နောက် မွန်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် က အမှာစကား ပြောကြားပြီး စောကိုလေး က ကျေးဇူးတင် စကား ပြန်လည် ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment