Pages

Monday, December 10, 2012

ပထမဆုံးအကြိမ် စီးပွားရေး စီမံခန့်ခွဲမှုပညာသင်တန်း ဇန်န၀ါရီလတွင် ဖွင့်လှစ်သွားမည်

ပထမဆုံးအကြိမ် စီးပွားရေး စီမံခန့်ခွဲမှုပညာသင်တန်း ဇန်န၀ါရီလတွင် ဖွင့်လှစ်သွားမည် ဒီဇင်ဘာ(၁၀)ရက်နေ့ မြန်မာနိုင်ငံရှိ SR International College နှင့် အမေရိကန်နိုင်ငံ Silicon Valley International University တို့ ပူးပေါင်းပြီး စီးပွားရေး စီမံခန့်ခွဲမှု ပညာ သင်တန်းကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ တွင် ပထမဆုံး အကြိမ် အဖြစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အမေရိကန်နိုင်ငံ Silicon Valley International University မှ သင်ရိုး ညွှန်းတမ်း များ အတိုင်း မြန်မာနိုင်ငံရှိ ၀ါရင့် ဆရာ၊ ဆရာမ များက သင်ကြား ပို့ချ ပေးသွား ရန် စီစဉ် ထားကြောင်း သိရသည်။ သင်တန်းတွင် ဘာသာရပ် ၁၂ ခု သင်ကြား ပေးမည် ဖြစ်ပြီး သင်တန်း ကာလမှာ ၁၈ လ ကြာမြင့် ကာ တစ်ပတ်လျှင် စနေ၊ တနင်္ဂနွေ နှစ်ရက်သာ တက်ရောက်ရမည် ဖြစ်ရာ စီးပွားရေး လုပ်ကိုင် နေသူ များနှင့် မအားလပ်သူမျုား အတွက် အဆင်ပြေ စေမည် ဖြစ်ကြောင်းစ သိရသည်။ သင်တန်းသို့ မြန်မာနိုင်ငံရှိ တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရပြီးသူ များ တက်ရောက်နိုင်ပြီး အင်္ဂလိပ်စာ အခြေခံ ရှိရမည် ဖြစ်သည်။ ယခု ပထမဆုံး အကြိမ် သင်တန်းတွင် သင်တန်းကြေးကို ပုံမှန်၏ ထက်ဝက် နှုန်းထားသာ ကောက်ခံမည် ဖြစ်ပြီး သင်တန်း ပြီးဆုံး ပါက Masster of Business Administration Certificate ကို ပေးအပ်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment