Pages

Monday, November 26, 2012

ပြည်ပ အမြန်ချောပို့ လုပ်ငန်း ပုဂ္ဂလိက လုပ်ကိုင်ခွင့်ပြုမည်



ရန်ကုန် ၊ ၂၆-၁၁-၂၀၁၂

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်းရှိ အပြည်ပြည် ဆိုင်ရာ အမြန်ချောပို့ လုပ်ငန်းကို ပုဂ္ဂလိက ကုမ္ပဏီ များသို့ မကြာမီ လုပ်ကိုင် ခွင့်ပြု တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

လောလောဆယ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက EMS နှင့် DHL ၀န်ဆောင်မှု များကို ဆောင် ရွက် နေသော်လည်း စည်းကမ်း နှင့် ညီညွတ်ပါက ပုဂ္ဂလိက အား လုပ်ကိုင် ခွင့် ပြုသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း စီမံကိန်း နှင့် လေ့ကျင့်ရေး ဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောကြားသည်။

တရားဝင် လုပ်ကိုင် လိုသူများ အနေဖြင့် နေပြည်တော်ရှိ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း စီမံကိန်းနှင့် လေ့ ကျင့်ရေး ဌာန၊ ဗဟိုစာတိုက်ကြီး သို့ နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား လျှောက်ထား နိုင်ကြောင်း သိရသည်။ ယခုအခါ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်းရှိ ပုဂ္ဂလိက အမြန်ချောပို့ လုပ်ငန်း (၃)ခုကို ခွင့်ပြုပေး ထားပြီး ပြည်ပ အမြန်ချောပို့ လုပ်ငန်းကိုပါ ယခုမှသာ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင် များအား လျှောက်ထား ခွင့်ပြုခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment