Pages

Monday, November 26, 2012

မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် ဘိန်းခင်းများဖျက်ဆီး




 အောင်ပန်း ၊ ၂၆-၁၁-၂၀၁၂

          ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် တောင်ကွဲ ကျေးရွာ အုပ်စုနယ်မြေ အတွင်း ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့က မူးယစ်ဆေးဝါး အန္တရာယ် ကြိုတင် ကာကွယ် တားဆီးနိုင်ရေး အတွက် ဘိန်းခင်းများ ဖျက်ဆီး ခဲ့ကြောင်း သိရှိရသည်။

          ကလောမြို့နယ် တောင်ကွဲ ကျေးရွာ အုပ်စုအတွင်း ဘိန်းခင်းများ ဖော်ထုတ် ဖျက်ဆီးရေး အဖွဲ့အား အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူး ဦးဇော်ဝင်း မှ ဦးဆောင်ကာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ စိုက်ပျိုးရေး ၊ မြေစာရင်း ၊ သစ်တော ဦးစီးဌာန တို့မှ ၀န်ထမ်းများ မြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်များ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ရွာသားများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလျက် တောင်ကွဲ ကျေးရွာအုပ်စု မြောင်းချောက်ရွာ အနောက်ဘက် (၄)မိုင်ခန့် အကွာ တောင်စောင်းရှိ အမြင့်(၂)ပေခွဲခန့်သီးပွင့်ဆဲ ဘိန်းခင်း(၃) ဧက အား လည်းကောင်း မြောင်းချောက်ရွာ အနောက်ဖက် (၄)မိုင် (၃)ဖာလုံခန့် အကွာရှိ တောင်စောင်းတွင် အမြင့်(၁)ပေခွဲခန့် ဖူးပွင့်ဆဲ ဘိန်းခင်း(၂ ဒသမ ၂) ဧက စုစုပေါင်း (၅ ဒသမ ၂) ဧက အား ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment