Pages

Monday, November 26, 2012

ဓာတုဆိုးဆေးသုံး ငရုတ်သီးမှုန့် နှင့် နနွင်းထုတ်လုပ်သူများ စစ်ဆေး သတိပေးချက် မလိုက်နာပါက အရေးယူမည်



ရန်ကုန် ၊ ၂၆-၁၁-၂၀၁၂

မြန်မာနိုင်ငံ အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနက ဈေးကွက် အတွင်း ရောင်းချလျက် ရှိသည့် ငရုတ်သီးမှုန့် ၊ နနွင်းမှုန့် နှင့် အရောင်တင်မှုန့် များတွင် ဓာတု ဆိုးဆေးများ သုံးစွဲ ထားကြောင်း စစ်ဆေး တွေ့ရှိသဖြင့် စားသုံးရန် မသင့်ကြောင်း တံဆိပ် အမည်နှင့်တကွ ထုတ်ပြန် ကြေညာ ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်တွင် ရောင်းချ နေသော တံဆိပ် အမျိုးမျိုး နမူနာပေါင်း ၁၀၀၀ ကျော်ကို စစ်ဆေးရာမှ အချို့တွင် ကင်ဆာ ဖြစ်စေနိုင်သည့် ဆိုးဆေးများ အသုံးပြု ထားကြောင်း တွေ့ရှိခဲ့သည်။ ငရုတ်သီးမှုန့် ၅၃၄ မျိုးတွင် ကျန်းမာရေး ထိခိုက်စေသော တံဆိပ် ၁၇၅ မျိုး တွေ့ရှိရပြီး နနွင်းမှုန့် အမျိုးအစား ၄၃၀ ကို စစ်ဆေးရာ ၃၉ မျိုးမှာ ဆိုးဆေး သုံးစွဲ ထားကြောင်း တွေ့ရသည်။ ထုတ်လုပ် ထားသော အန္တရာယ်ရှိ စားသုံးကုန်များကို စစ်ဆေး သတိပေးပြီး ဖြစ်ရာ မလိုက်နာပါက အရေးယူ ခြင်းများ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရှိရသည်။

No comments:

Post a Comment