Pages

Wednesday, November 7, 2012

နိုင်ငံခြားသား ခရီးသွားများ ရေကြောင်းဖြင့် သွားလာမှု များလာ




ရန်ကုန် ၊ ၇-၁၁-၂၀၁၂

နိုင်ငံခြား ခရီးသည်များ ရေကြောင်း ခရီးဖြင့် သွားလာမှု ယခင်နှစ်ထက် ပိုများလာပြီး ယခုရက်ပိုင်း အတွင်း ကြိုတင် စာရင်းပေးသွင်း ထားသော ခရီးစဉ်များ ပြည့်နေကြောင်း ခရီးသည် ပို့ဆောင်ရေး ရေယာဉ် အသင်းမှ သိရသည်။

ယခုနှစ်အတွင်း ရေကြောင်းဖြင့် ခရီးသွားလာမှု များပြားပြီး မင်းကွန်း ခရီးစဉ်မှာ နေ့စဉ်ရှိကြောင်း ၊ မန္တလေး - ဗန်းမော် - မန္တလေး လမ်းတစ်လျှောက်တွင် စဥ့်လုပ်ငန်း လုပ်ကိုင်မှုကို လေ့လာသူ များပြား လာသကဲ့သို့ ဆင်စခန်း တွင်လည်း ဆင်ဝင်ကြည့်သူ များလာကြောင်း သိရသည်။

ယခုနှစ်အတွင်း အမေရိကန် ၊ တရုတ် ၊ ဂျာမဏီ ၊ အင်္ဂလန် ၊ အီတလီ လူမျိုး ခရီးသွားများ လာရောက်ကြပြီး ထိုင်း ၊ ကိုရီးယား နှင့် အင်္ဂလိပ် လူမျိုးများ အများဆုံး လာရောက် ကြကြောင်း ၊ အသွားအပြန် များသော ခရီးစဉ်မှာ ရေယာဉ် ခရီးဖြင့် မင်းကွန်း ၊ ပုဂံ ၊ ညောင်ဦး  ခရီးစဉ်များ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment