Pages

Wednesday, November 7, 2012

ကိုရီးယားကုန်စည်ပြပွဲ ကျင်းပမည်




ရန်ကုန် ၊ ၇-၁၁-၂၀၁၂

ရန်ကုန်မြို့ ၊ မြန်မာကွန်ဗင်းရှင်း စင်တာ (MCC) တွင် ကိုရီးယား ကုန်စည်ပြပွဲကို နိုဝင်ဘာ ၁၀ ရက် နှင့် ၁၁ ရက်များတွင် ကျင်းပသွားမည် ဖြစ်ရာ အဆိုပါ ကုန်စည်ပြပွဲတွင် ကမ္ဘာ့အကြီးဆုံး စာရင်းဝင် 3D တီဗီ ကို မိတ်ဆက် ပြသမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ 3D TV မှာ LG အမှတ်တံဆိပ် ဖြစ်ပြီး မျက်နှာပြင် အကျယ် ၈၄ လက်မ ရှိကြောင်း ၊ ယခင်က မျက်နှာပြင် အကျယ် ၅၅ လက်မ ၊ ၆၄ လက်မ ၊ ၇၂ လက်မ အရွယ်အစား အသီးသီး ထုတ်လုပ်ခဲ့ရာ ယခုအခါ ကမ္ဘာ့ အကြီးဆုံး စာရင်းဝင် ၈၄ လက်မ တီဗီကို မိတ်ဆက် ပြသခြင်း ဖြစ်ကြောင်း ၊ ပြပွဲတွင် မည်သူမဆို မျက်မှန်တပ်ပြီး အစမ်း ကြည့်ရှုနိုင်ကြောင်း ဖြင့် ပြပွဲတွင် ဖွင့်လှစ်ပြသမည့် LG အရောင်းပြခန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။




LG အမျိုးအစား တီဗီ ၆၅လက်မှ အရွယ်အစားမှာ ကျပ် ၄၅ သိန်း ၀န်းကျင်ရှိပြီး ၇၂ လက်မ အရွယ်အစား တီဗီမှာ ကျပ် ၈၅ သိန်း ၀န်းကျင်ဈေး ရှိကြောင်း သိရှိရသည်။ ပြပွဲတွင် ကိုရီးယားနိုင်ငံမှ နာမည်ကြီး ကုမ္ပဏီ (၅၅)ခု ပါဝင် ပြသမည် ဖြစ်ကြောင်း ၊ K-Pop Cover Dacne Final နှင့် Face of Myanmar Contest Semi - Final ပြိုင်ပွဲကိုလည်း နိုဝင်ဘာ ၁၀ ရက် ညနေ ၆ နာရီတွင် MCC ခန်းမ၌ပင် ကျင်းပမည် ဖြစ်ကြောင်း အဆိုပါ ပြပွဲကို ကိုရီးယားသံရုံး နှင့် Ko TRA ( Korea Trade - Investment Promotion Agency ) တို့က ပူးပေါင်း ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment