Pages

Wednesday, November 7, 2012

UWE မှ မြန်မာ အပါအ၀င် နိုင်ငံတကာမှ ကျောင်းသားများအား Scholorship များ ပေးအပ်ချီးမြှင့်မည်




ရန်ကုန် ၊ ၇-၁၁-၂၀၁၂

UWE သည် အင်္ဂလန် နိုင်ငံ Bristol မြို့တွင် အပြည်ပြည် ဆိုင်ရာ လုပ်ငန်းခွင် အသီးသီးတွင် မျိုးဆက်သစ် ဦးဆောင်သူ များနှင့် တာဝန်ယူ အကောင်အထည် ဖော်နိုင်ကြမည့် အရည်အချင်းပြည့် ပညာရှင် များကို နှစ်စဉ် မွေးထုတ် ပေးလျက် ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ပထမဦးဆုံး ပညာသင်နှစ်ကို လာမည့် ဇန်န၀ါရီလတွင် စတင် ဖွင့်လှစ်တော့မည် ဖြစ်ရာ အဆိုပါ Intake တွင် Graphic Design ၊ Animation ၊ Fashion ၊ Textile နှင့် Business Studies ဘာသာရပ်များ ဆိုင်ရာ B.A (Hons) ဘွဲ့များ ၊ နိုင်ငံတကာ ဥပဒေနှင့် ကူးသန်း ရောင်းဝယ်ရေး ဥပဒေဆိုင်ရာ LLM ဘွဲ့များ ၊ မြို့ရွာနှင့် တိုင်းပြည် စီမံကိန်းဆိုင်ရာ MA ဘွဲ့ ၊ Marketing ၊ International Management ၊ Real Estate Management ၊ Information Technology ၊ Research Robotics ၊  Construction Project Management ဆိုင်ရာ MSc ဘွဲ့များနှင့် MBA ဘွဲ့များ ရရှိကြမည် ဖြစ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁- ၂၄၁၀၉၉ နှင့် ၀၁- ၂၅၄ ၁၈၅ တို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment