Pages

Monday, November 26, 2012

ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ ကျင်းပမည်




ရန်ကုန် ၊ ၂၆-၁၁-၂၀၁၂ 



ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment Co., Ltd (FMI) တို့ ပူးပေါင်း ကျင်းပမည့် ရိုးမရန်ကုန် အပြည်ပြည် ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲ ကို ၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအား ၄၂ ကီလိုမီတာ အပြေးပြိုင်ပွဲ ၊ ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲ နှင့် ၃ ကီလိုမီတာ မိသားစု အပျော်ပြေးပွဲ ဟူ၍ အမျိုးအစား သတ်မှတ် ထားသည်။ ဆုကြေးငွေ အဖြစ် ၄၂ ကီလိုမီတာ အပြေး ပြိုင်ပွဲတွင် အမျိုးသား ၊ အမျိုးသမီး ပထမဆု အတွက် အမေရိကန် ဒေါ်လာ ၂၅၀၀ ၊ ဒုတိယဆု အတွက် အမေရိကန် ဒေါ်လာ ၁၂၀၀ နှင့် တတိယဆု အတွက် အမေရိကန် ဒေါ်လာ ၆၀၀ သတ်မှတ် ထားပြီး အလားတူ ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲ တွင် အမျိုးသား ၊ အမျိုးသမီး ပထမဆု အတွက် အမေရိကန် ဒေါ်လာ ၈၀၀ ၊ ဒုတိယဆု အတွက် အမေရိကန် ဒေါ်လာ ၄၀၀ နှင့် တတိယဆု အတွက် အမေရိကန် ဒေါ်လာ ၂၅၀ ဟူ၍ အသီးသီး သတ်မှတ် ထားကြောင်း သိရသည်။

ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များသိရှိ လိုပါက www.yangonmarathon.com သို့ ၀င်ရောက် ကြည့်ရှုနိုင်ပြီး စာရင်း ပေးသွင်း လိုသူများ အနေဖြင့် "ဂရင်း မီးရထား ဟိုတယ် ၊ ဗိုလ်ချုပ် အောင်ဆန်းလမ်း ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁- ၂၅၆ ၃၅၅ " သို့ ဆက်သွယ် စုံစမ်း စာရင်းပေးသွင်း နိုင်သည်။ အဆိုပါ မာရသွန် ပြိုင်ပွဲမှ ရရှိသည့် ပြိုင်ပွဲဝင်ကြေး များကို ပရဟိတ အဖွဲ့အစည်း များသို့ ပေးအပ် လှူဒါန်း ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment