Pages

Tuesday, October 23, 2012

ဘိန်းမျိုးစေ့များ အပ်နှံခြင်းအခမ်းအနား ကျင်းပ



ကျိုင်းတုံ ၊ ၂၃-၁၀-၂၀၁၂

ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ ကျိုင်းတုံမြို့ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမတွင် အောက်တိုဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ဘိန်းမျိုးစေ့များ အပ်နှံပွဲ အခမ်းအနားအား ကျင်းပ ပြုလုပ်ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ၊ မူးယစ်အထူး အဖွဲ့ (ကျိုင်းတုံ)မှ တာဝန်ရှိသူများ ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက် ကြကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုယ်စား မိုင်းပန်လယ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကာဘေလှ မှ ဘိန်းမျိုးစေ့ (၈၈) ပြည်အား  အပ်နှံခဲ့ရာ ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်ဝင်း နှင့် ဒုရဲအုပ် မောင်မောင်ထွန်း တို့မှ လက်ခံယူခဲ့ကြောင်း သိရသည်။

ဘိန်းမျိုးစေ့ အပ်နှံပွဲသို့ ကျိုင်းတုံခရိုင်မှ ပန်မတ် ၊ နောင်တောင်း ၊ နမ့်ခတ် ၊ မိုင်းပန်လယ် ၊ ပန်ကြူ ၊ နန့်အင်း နှင့် နားပေါ် ကျေးရွာအုပ်စု များမှ အုပ်စုအလိုက် အပ်နှံခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment