Pages

Tuesday, October 23, 2012

ဂျပန်နိုင်ငံ Westcoast Language School ၏ ပညာရေး ဆွေးနွေးပွဲ ပြုလုပ်မည်




ရန်ကုန် ၊ ၂၃-၁၀-၂၀၁၂

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ရှိ Westcoast Language School ၏ ပညာရေး ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ Westcoast Japanese Language Center ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ၂၀၁၃ ခုနှစ် ၊ ဧပြီလ တန်းခွဲဥို့ ကျောင်းတက်ရောက် လိုသူများ အတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Westcoast Language School တာဝန်ခံမှ ကျောင်းတက်ရာတွင် လိုအပ်မည့် အချက်အလက် များ ၊ ကျောင်းလခ ၊ နေထိုင်မှု စရိတ် ၊ အလုပ်အကိုင် အခွင့်အလမ်း စသည်ဖြင့် လိုအပ်ချက်များကို ဂျပန်နိုင်ငံမှ တိုက်ရိုက် လာရောက် ဆွေးနွေးသွားည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နိုဝင်ဘာလဆန်း တွင်  Westcoast Japanese Language Center မှဝန်ထမ်းများ အတွက် ဂျပန်ဘာသာ အခြေခံတန်းခွဲ ကိုလည်း တနင်္ဂနွေ သီးသန့် ပညာဒါန တန်းခွဲသစ် ဖွင့်လှစ် ပေးသွားမည် ဖြစ်ပြီး တက်ရောက် လိုသူများ အနေဖြင့် အတန်းချိန် စုံစမ်းကာ စာရင်းပေး တက်ရောက် နိုင်ကြောင်း သိရသည်။ အသေးစိတ် အချက်အလက် များကို သပြေညိုတိုက် ၁ ၊ ဦးထွန်းလင်း ခြံလမ်း ၊ လှည်းတန်း ၊ ကမာရွတ် မြို့နယ် ၊ ဖုန်း ၀၉- ၇၃၀၆၀၃၄၆ ၊ ၀၁- ၅၂၃၆၁၀ သို့ စုံစမ်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment