Pages

Tuesday, October 23, 2012

အောင်ပန်းလူထုအတွက် ရေသန့်စင်စနစ်


အောင်ပန်းအတွက်ရေအရင်းအမြစ် ငါးကြောင်အိုင်ဆည်

အောင်ပန်းမြို့လူထုအတွက် သောက်သုံးရေ ရရှိရေးကို မြို့ရေပေးရေး ကော်မတီက တာဝန်ယူ ဖြန့်ဝေပေး နေပါတယ်။ မြို့ရေပေးရေး ကော်မတီ ဆိုတာ မြို့ဖွံ့ဖြိုးရေး အထောက် အကူပြု ကော်မတီရဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ မြို့ရေပေးရေး ကော်မတီဟာ မြို့နယ်စည်ပင်ရဲ့ ကြီးကြပ်မှုနဲ့ မြို့ပေါ်ရပ်ကွက် (၁၂)ခုမှာ အိမ်ခြေ ၅၀၀ ကျော်ကို တစ်နေ့ ရေဂါလံ ၃သိန်းကျော် ဖြန့်ဝေပေး နေပါတယ်။ အဓိကရေ အရင်းအမြစ်တွေ ကတော့ ငါးကြောင်အိုင်ဆည် နဲ့ နန့်အွန်ရေထွက် တို့ပဲ ဖြစ်ပါတယ်။ ငါးကြောင်အိုင်ဆည်ရေဟာ မိုးတွင်းအခါမှာ လွန်စွာ နောက်ကျိပြီး နှစ်ရက်လောက် အနယ်ထိုင်ပြီးမှ သုံးလို့ရတဲ့ အတွက် ရေသန့်စင် စနစ်တစ်ခု တည်ဆောက်ဖို့ ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီ နိုင်ငံတော် သမ္မတကြီးက လမ်းညွှန်ခဲ့ပါတယ်။


နွေအတွက်ရေကိုမိုးမှာစုထားရပါတယ်

မြို့နယ်စည်ပင်က အနှေးသဲရေစစ်စနစ် Slow Sand Filtering System ကို အသုံးပြုပြီး ရေသန့်စင်မယ့် အနည်ထိုင်ကန်နဲ့ ရေစစ်ကန်တို့ကို တည်ဆောက် နေရာမှာ ၉၀ ရာခိုင်နှုန်း ပြီးစီးပြီး မကြာမီမှာ လုပ်ငန်းစတင် နိုင်တော့မယ် လို့ သိရပါတယ်။ ``အနယ်ထိုင်ကန်က ဂါလံ ၅၀၀၀၀ ဆံ့ပြီး အကန့် ၁၂ကန့် ပါရှိပါတယ်။ ဆည်ကနေ ၆လက်မပိုက်နဲ့ ရောက်လာတဲ့ ရေတွေကို အဲဒီအကန့် တွေထဲမှာ ကွေ့ကောက် စီးဆင်းစေပြီး အနည်ကျ စေပါတယ်။ အပေါ်ယံရေကြည်ကို ၄လက်မပိုက်နဲ့ ရေစစ်ကန်ကို ပို့ပါတယ်။ ရေစစ်ကန်က ၁၁ ပေမြင့်ပြီး အောက်မှာ ကျောက်စရစ် သုံးထပ်နဲ့ သဲတစ်ထပ်ကို အမြင့် ၆ပေခွဲအထိ ထည့်ထားပြီး အဲဒီရေစစ် အလွှာတွေနဲ့ ရေမှာရောနေတဲ့ နုံးတွေကို စစ်ထုတ်တာ ဖြစ်ပါ တယ်။ ရေစစ်ကန်က နှစ်ယူနစ်ဖြစ်ပြီး တစ်ယူနစ်ကို တစ်နေ့ ဂါလံ ၈၀၀၀၀ သန့်စင်နိုင် ပါတယ်။´´ လို့ စည်ပင်အရာရှိ ကပြောပါတယ်။

အနှေးသဲရေစစ်စနစ်၏နမူနာပုံစံ

 အနယ်ထိုင်ကန်

 အနှေးသဲရေစစ်ကန်


တာဝန်ရှိသူများကစစ်ဆေးစဉ်

 တည်ဆောက်ဆဲ ရေသန့်စနစ် ပြီးသွားတဲ့အချိန်မှာ အောင်ပန်းမြို့လူထုအတွက် ဖြန့်ဝေပေးတဲ့ရေဟာ တိုက်ရိုက် သောက်သုံးနိုင်တဲ့ အဆင့် ဖြစ်မယ်လို့ မြို့သူမြို့သားတွေက မျှော်လင့် နေကြကြောင်း သိရှိရပါတယ်။

http://patheincity.blogspot.com/2012/10/filtered-water-for-aungpan.html

No comments:

Post a Comment