Pages

Tuesday, October 16, 2012

ပညာရေးတက္ကသိုလ်များ၏ ပညာရည် မြင့်မားရေးဆိုင်ရာ ညှိနှိုင်း




ရန်ကုန် ၊ ၁၆-၁၀-၂၀၁၂

ပညာရေး တက္ကသိုလ်များ၏ ပညာရည် မြင့်မားရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၁၅ ရက်နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ၊ ပြည်လမ်းရှိ ရန်ကုန် ပညာရေး တက္ကသိုလ် အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရည် မြင့်မားရေး ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲတွင် "ပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးမှာ အခြေခံပညာမှ စတင်ကာ အခြေခံ ကောင်းကောင်းနဲ့ ဖွံ့ဖြိုး တိုးတက်ဖို့ လိုအပ်ကြောင်း ၊ အခြေခံ ပညာကဏ္ဍမှာ တာဝန်ထမ်းဆောင် ကြမယ့် ဆရာ ၊ ဆရာမ များကို လေ့ကျင့် မွေးထုတ် ပေးနေတဲ့ ပညာရေး တက္ကသိုလ် များအနေနဲ့ ကျောင်းဆင်းဘွဲ့ရများ အရည်အသွေး ပိုမို တိုးတက် မြင့်မား လာစေဖို့ ဆောင်ရွက်ရာမှာ ပညာရေး တက္ကသိုလ်များရဲ့ ပညာရည် မြင့်မားရေး ဆိုင်ရာ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းများကို ရန်ကုန် ပညာရေး တက္ကသိုလ်နဲ့ စစ်ကိုင်း ပညာရေး တက္ကသိုလ်တို့က စုစည်းတွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း အကောင်အထည် ဖော်ကြဖို့ လိုအပ်ကြောင်း အမျိုးသား ပညာရည် မြင့်မားရေး အတွက် နိုင်ငံတော် အကြီးအကဲ များရဲ့ လမ်းညွှန်ချက်နဲ့ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သူများ ပေါင်းစပ် ညှိနှိုင်းချက် ရလဒ်များ ဖြစ်တဲ့ လုပ်ငန်းလမ်းစဉ် များကို ထိထိရောက်ရောက် ကြိုးစား အကောင် အထည်ဖော် ကြရမှာ ဖြစ်ကြောင်း ... " ပညာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးက တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ညှိနှိုင်း ဆွေးနွေးပွဲတွင် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံ ကောင်းမွန်ရေး အတွက် စာတမ်း ၃ စောင် ၊ သင်ကြားမှု အရည်အသွေး မြင့်မားရေး အတွက် စာတမ်း ၇ စောင် ၊ သုတေသန အရည်အသွေး မြင့်မားရေး အတွက် စာတမ်း ၁ စောင် ၊ ကောင်းမွန်သော သင်ယူမှု ပန်ဝန်းကျင် ဖန်တီးရေး အတွက် စာတမ်း ၁ စောင် ၊ စုစုပေါင်း စာတမ်း ၁၂ စောင် တို့ကို အောက်တိုဘာ ၁၅ ရက်နေ့တွင် စာတမ်း ၈ စောင် နှင့် အောက်တိုဘာ ၁၆ ရက်တွင် စာတမ်း ၄ စောင် နှစ်ရက်ခွဲကာ ရန်ကုန် ပညာရေး တက္ကသိုလ် နှင့် စစ်ကိုင်း ပညာရေး တက္ကသိုလ်မှ ဆရာ ၊ ဆရာမ များက စာတမ်းဖတ်ကြား ကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment