Pages

Tuesday, October 16, 2012

အင်တာနက် အသုံးပြုမှု ခက်ခဲလျှင် Mobile Care Centre တွင် မေးမြန်းနိုင်




ရန်ကုန် ၊ ၁၆-၁၀-၂၀၁၂

မိုဘိုင်းဖုန်းများ အင်တာနက် အသုံးပြုမှုများ အဆက်အခဲ ဖြစ်ပေါ်လာပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ဖွင့်လှစ်ထားသော Mobile Care Centre တွင် မေးမြန်း နိုင်ကြောင်း သိရသည်။

အဆိုပါ Mobile Care Centre ကို ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး ၊ ရန်ကုန်တွင် ဖွင့်လှစ်ထားပြီး လူကိုယ်တိုင် လာရောက် မေးမြန်းခြင်း အပြင် ဖုန်းဖြင့်လည်း ဆက်သွယ် မေးမြန်းနိုင်ကြောင်း ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်မှာ ၀၁- ၅၅၅၉၉၉ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ဖုန်းများ အင်တာနက် လျှောက်ထားရာတွင် အင်တာနက် အသုံးပြုမှု Activate ပြုလုပ်ခြင်း ၊ Android ဖုန်းများ အင်တာနက် အသုံးပြုရာတွင် လုပ်ဆောင်ရမည့် ဆောင်ရွက်ချက်များ စသည်တို့ကို မေးမြန်းနိုင် ကြောင်း သိရသည်။ အင်တာနက် လျှောက်ထားခြင်းကို ပန်းဆိုးတန်း ဆက်သွယ်ရေးရုံး ၊ အလုံ ဆက်သွယ်ရေးရုံး ၊ ရွှေဂုံတိုင် ဆက်သွယ်ရေးရုံး ၊ ရန်ကုန် စာတိုက်ကြီး နှင့် Elite Tech ကုမ္ပဏီတို့မှ သတ်မှတ် ထားသော နေရာများ ၊ ရတနာပုံ ကုမ္ပဏီလီမိတက် မှ သတ်မှတ်ထားသော နေရာများတွင် ငွေကျပ်တစ်သောင်း ဖြင့် လျှောက်ထား နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment