Pages

Tuesday, October 16, 2012

ဣတ္ထိယအသွင် ကပွဲသဘင် ဖျော်ဖြေတင်ဆက်မည်


ရန်ကုန် ၊ ၁၆-၁၀-၂၀၁၂

မြန်မာပြည်တွင် ပထမဆုံး ၊ အထူးခြားဆုံး အစီအစဉ်အဖြစ် ထိုင်းနိုင်ငံမှ လာရောက် ဖျော်ဖြေ တင်ဆက် ပြသမည့် The 1st Musical Show ထိုင်းလုလင်ပျို တို့၏ ဣတ္ထိယအသွင် ကပွဲသဘင်ကို ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် ၊ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ အောက်တိုဘာ ၂၅ ရက်နေ့ နှင့် ၂၆ ရက်နေ့ တို့တွင် ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖျော်ဖြေပွဲတွင် အစီအစဉ် တင်ဆက်သူများ အဖြစ် အရိုင်း နှင့် နန်းဆုကေဆွမ် တို့က ပါဝင် ဆောင်ရွက် ကြမည်ဖြစ်ပြီး အထူးအစီအစဉ် အနေဖြင့် ပွဲကြည့် ပရိသတ် များအား ကျေးဇူး တုန့်ပြန်သော အားဖြင့် ဘန်ကောက် ခရီးစဉ်နှင့် Medical Check-up ကံစမ်းမဲ အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရသည်။

ဣတ္ထိယအသွင် ကပွဲသဘင် ဖျော်ဖြေ တင်ဆက်မည့် အရောင်းလက်မှတ် များကို ကျပ်တစ်သောင်း ၊ ကျပ်နှစ်သောင်း သတ်မှတ်ထားပြီး Nobody ( Dagon Centre, Junction Mawtin, Juntion Square, Yankin Center, Taw Win ) မန်းသီရိ တေးသံသွင်း တို့တွင် ၀ယ်ယူရရှိ နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment