Pages

Thursday, October 11, 2012

ရန်ကုန် - နေပြည်တော် ခရီးစဉ် အထူးရထား (သီးသန့်)တွဲ မကြာမီ ပြေးဆွဲမည်




ရန်ကုန် ၊ ၁၁-၁၀-၂၀၁၂

မြန်မာ့မီးရထား ဌာနအနေဖြင့် ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အကြို ရန်ကုန် - နေပြည်တော် သို့ ခရီးသွားများ အဆင်ပြေ သွားလာမှု လွယ်ကူစေရန် ရထားခရီးစဉ်များ တိုးချဲ့ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မှ နေပြည်တော်သို့ မီးရထား ခရီးစဉ် အစုန် ၊ အဆန် ပြေးဆွဲလျက်ရှိပြီး ခရီးသွား ပြည်သူများ ၊ ဌာနဆိုင်ရာ ၀န်ထမ်းများ အပြင် ကမ္ဘာလှည့် ခရီးသွား များအတွက် သွားလာမှု လွယ်ကူ အဆင်ပြေ စေရန် စီစဉ်လျက်ရှိရာ ရန်ကုန် (စက်မှု-စက်ပြင်) အလုပ်ရုံမှ ပြင်ဆင်လျက် ရှိသော အထူးရထား (သီးသန့်)တွဲကို မကြာမီ ပြေးဆွဲမည် ဖြစ်ကြောင်း သိရသည်။

ယင်း အထူးရထား (သီးသန့်) တွဲတွင် လေအေးစက် နှင့် ခေတ်မီ ထိုင်ခုံများ ၊ ဖျော်ဖြေမှု နှင့် သတင်းအပါအ၀င် ရုပ်သံလိုင်း TV အစီအစဉ်များ ၊ သန့်စင်ခန်းများ အပါအ၀င် ခရီးသည် ၇၂ ဦး စိတ်ချမ်းမြေ့စွာ စီးနင်းနိုင်ပြီး စက်ခေါင်း (အင်ဂျင်) အရှေ့ ၊ အနောက် တပ်ဆင် ထားသဖြင့် ခရီးသွားများ အတွက် အချိန်နှင့် တစ်ပြေးညီ ခရီးဆုံး ဘူတာသို့ အချိန်မှန် ရောက်ရှိနိုင်ပြီး လုံခြုံမှု ရှိခြင်းနှင့်အတူ ၀န်ဆောင်မှု များကိုပါ စီစဉ် ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း မကြာမီ မြန်မာ့ မီးရထား ဌာနမှ အဆိုပါ သီးသန့် အထူးရထား အစီအစဉ်ကို ကြေညာ၍ တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment