Pages

Thursday, October 11, 2012

အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းအတွင်း လုံခြုံရေးကင်မရာများ တပ်ဆင်သွားမည်




ရန်ကုန် ၊ ၁၁-၁၀-၂၀၁၂

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ အခွန်ဌာန ၊ မင်္ဂလာဒုံမြို့နယ် ၊ အောင်မင်္ဂလာ အဝေးပြေး ယာဉ်ရပ်နားစခန်း ၀င်းအတွင်း ခရီးသွား ပြည်သူများ နေ့စဉ် ၀င်ထွက်သွားလာမှု နှင့် ယာဉ်မျိုးစုံ ၀င်ထွက် သွားလာမှု များကို ဂိတ် ၁၅ ဂိတ်တွင် လုံခြုံရေးကင်မရာ ၅၇ လုံး တပ်ဆင်၍ မလိုအပ်သည့် အနှောင့်အယှက်များ မဖြစ်ပေါ်စေရန် သတ်မှတ် နေရာ အသီးသီးတွင်လည်း တပ်ဆင် အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။


Taxi ကွင်း(၁) နှင့် Taxi ကွင်း(၂) တို့တွင်လည်း ခရီးသည်များအတွက် လုံခြုံရေး ၊ ပစ္စည်းများ အတင်အချ လုပ်ငန်းများအတွက် လုံခြုံရေး ကင်မရာများ သတ်မှတ်နေရာ အသီးသီးတွင် တပ်ဆင် အသုံးပြုလျက် ရှိရာ အောက်တိုဘာ ၅ ရက်တွင် Taxi ကွင်း(၁)တွင် ဖမ်းယူ ကြည့်ရှု မှတ်တမ်း များ ပြုလုပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment