Pages

Thursday, October 11, 2012

မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းဟောပြောပွဲ ကျင်းပမည်




ရန်ကုန် ၊ ၁၁-၁၀-၂၀၁၂

မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များ အသင်း၏ CPE ဟောပြောပွဲ ကို " Companies Valuation " ခေါင်းစဉ်ဖြင့် ၂၁-၁၀-၂၀၁၂ (တနင်္ဂနွေနေ့) နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ၊ အမှတ်(၂၉) ၊ မင်းရဲကျော်စွာလမ်း ၊ လမ်းမတော် မြို့တော်ရှိ မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းခန်းမ၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း ၊ လက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များသည် CPE နာရီအတွက် ထောက်ခံချက် ရရှိမည် ဖြစ်ကြောင်း ဟောပြောပွဲ တက်ရောက်ရန်အတွက် အောက်တိုဘာ ၁၇ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ရန်ကုန် သင်တန်းကျောင်း (ပထမထပ်)သို့ မှတ်ပုံတင်ကြေး ပေးသွင်း၍ စာရင်းသွင်း ရမည် ဖြစ်ကြောင်း သိရှိရသည်။

လက်မှတ်ရ ပြည်သူ့စာရင်းကိုင် သင်တန်း (ဒုတိယပိုင်း) တက်ရောက်ဆဲ သင်တန်းသား သင်တန်းသူများ အနေဖြင့် ဟောပြောပွဲ တက်ရောက်လို ပါက သတ်မှတ်ရက် မတိုင်မီ စာရင်း ပေးသွင်း နိုင်ကြောင်း ၊ နယ်မှ လာရောက်ရ သူများ အနေဖြင့် သတ်မှတ်ရက် မတိုင်မီ အသင်းရုံးခန်း ဖုန်း ၀၁- ၂၁၄၆၅၃ သို့ ကြိုတင် ဆက်သွယ် စာရင်းသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment