Pages

Wednesday, October 24, 2012

အာဟာရဆိုင်ရာ ဓာတ်ခွဲစမ်းသပ်မှု အခြေခံသင်တန်းဖွင့်မည်




ရန်ကုန် ၊ ၂၄-၁၀-၂၀၁၂

အစားအသောက်များ နှင့် ပတ်သက်သော ထုတ်ကုန်များတွင် အဏုဇီဝပိုး ပါဝင်မှု စမ်းသပ် စစ်ဆေးခြင်း နှင့် အာဟာရဓာတ် ဆိုင်ရာ ဓာတ်ခွဲစမ်းသက်မှု ဆိုင်ရာ အခြေခံသင်တန်းကို အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ နှင့် အောက်တိုဘာ ၂၇ ရက်မှ ၂၈ ရက်အထိ နှစ်ကြိမ်ခွဲကာ ဖွင့်လှစ် ပို့ချစ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရန်ကုန်မြို့ ၊ မင်းရဲကျော်စွာလမ်း ရှိ မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ဖွင့်လှစ်သွားမည် ဖြစ်သည်။ အစားအသောက်တွင် အဏုဇီဝပိုး ပါဝင်မှု စမ်းသပ် စစ်ဆေးခြင်းကို အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ လည်းကောင်း ၊ အာဟာရ ဆိုင်ရာ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးမှု အခြေခံ သင်တန်းကို အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် လည်းကောင်း ပို့ချမည် ဖြစ်ကြောင်း သိရသည်။

သင်တန်းသို့ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပြီး တက်ရောက်လိုသူများ အနေဖြင့် MAFPEA (မြန်မာနိုင်ငံ စိုက်ပျိုးရေး အခြေခံ စားသောက်ကုန် ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း) ၊ UMFCCI ရုံး ၆ လွှာတွင် စာရင်းပေးသွင်း နိုင်ကြောင်း သိရသည်။

No comments:

Post a Comment