Pages

Wednesday, October 24, 2012

အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းရေး စစ်ဆေး ကြပ်မတ်မည်




ရန်ကုန် ၊ ၂၄-၁၀-၂၀၁၂

စက်မှုဇုန်များမှ ထုတ်လုပ်သော မီးဖိုချောင်သုံး စားသောက်ကုန် များနှင့် ထုတ်လုပ်ရာတွင် ပါဝင်သော အလုပ်သမားများ၏ ကျန်းမာရေး နှင့် ဓာတုဆိုးဆေးဝါး ပါ-မပါ ၊ ကုန်ပစ္စည်း အရည်အသွေး စံချိန် စံညွှန်း ပြည့်မီခြင်း ရှိ-မရှိကို ကုန်ပစ္စည်း နမူနာယူ၍ စစ်ဆေး အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူများ ကျန်းမာရေး နှင့် ညီညွတ်သော စားသောက်ကုန် များရရှိရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက် ကုန်ပစ္စည်း များကို အရည်အသွေး ပြည့်မီစွာ ၀ယ်ယူ စားသောက် နိုင်ရန်အတွက် စစ်ဆေး ကြပ်မတ် သွားမည် ဖြစ်သည်။ ယနေ့ စက်မှုဇုန်များမှ ထုတ်လုပ်သော ကုန်ပစ္စည်းများကို ထုတ်လုပ်ရာတွင် အခြေခံ ကျသော အလုပ်သမား များ၏ တစ်ကိုယ်ရေ ကျန်းမာရေး လိုအပ်ချက် များကိုလည်း စစ်ဆေး သွားမည် ဖြစ်သည်။ ယင်းတို့ စစ်ဆေးရာတွင် ဓာတု ဆေးဝါး ထုတ်လုပ်သော စက်ရုံများ ၊ ဘက်ထရီအိုး ထုတ်လုပ်သော စက်ရုံများ ၊ အသင့်စားသုံး နိုင်သော ငါးပိဘူး ထုတ်လုပ်သော စက်ရုံများ စသည့် စက်ရုံများ ကိုလည်း စစ်ဆေးသွားမည် ဖြစ်သည်။

အခြေခံကျသော အလုပ်သမားများ၏ ကျန်းမာရေးကို စစ်ဆေးရာတွင် ခဲဆိပ်သင့်မှု ရှိ-မရှိ ၊ ကာလသား ရောဂါပိုး ရှိ-မရှိ ၊ ဆီး ၊ သွေး စသည်တို့ အပြင် အခြား ကူးစက်ရောဂါများ ရှိ-မရှိ ကိုလည်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment