Pages

Friday, October 19, 2012

ပြည်ပဘဏ်များ ပြည်တွင်း၌ ဖွင့်ခွင့်မရသေး




ရန်ကုန် ၊ ၁၉-၁၀-၂၀၁၂

ပြည်ပရင်းနှီး မြှုပ်နှံသူများအား ပြည်တွင်း၌ ဘဏ်ဖွင့်ခွင့် လောလောဆယ် ခွင့်ပြုထားခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

ပြည်တွင်း၌ နိုင်ငံခြားသား ဘဏ်ဖွင့်လှစ်လို သူများသည် ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတွင် မှတ်ပုံတင်ပြီး ဗဟိုဘဏ်၏ သတ်မှတ် စည်းကမ်းနှင့် ညီညွတ်မှသာ ဘဏ်ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ရန် လိုင်စင် ချပေးလေ့ရှိသည်။ ယင်းသို့ ချပေးပြီး ကာလတစ်ခု အတွင်းတွင် ပြည်တွင်းဘဏ် တစ်ခုခုနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်မှသာ ခွင့်ပြုခြင်း ဖြစ်သည်။

လောလောဆယ် ပြည်တွင်း၌ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ဖွင့်ခွင့် လိုင်စင် ချထားပေးမှု ၂၂ ခု ရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုဘဏ် အဖြစ် Mandalay Capital Bank ကို အမေရိကန် ဒေါ်လာတစ်သန်းဖြင့် ဥဇဘက်ကစ္စတန် နိုင်ငံသားအား ဖွင့်ခွင့် ပြုလိုက်ပြီ ဆိုသော သတင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး နှင့် အဆက်ပြတ်သည်မှာ ကြာပြီဖြစ်၍ တိကျခိုင်မာသည့် အဖွဲ့အစည်း များဖြင့်သာ ဆက်သွယ်၍ လုပ်ငန်း ဆောင်ရွက်နိုင်ရန် စိစစ်လေ့လာပြီး မှသာ လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment