Pages

Friday, October 19, 2012

၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပမည်




ရန်ကုန် ၊ ၁၉-၁၀-၂၀၁၂

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု (အကယ်ဒမီ) ချီးမြှင့်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးမှ သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲ အခမ်းအနားကို နေပြည်တော်တွင် ၂၀၀၇ ခုနှစ်မှ စတင်ကာ ကျင်းပလာခဲ့ရာမှ ယခုနှစ်တွင် ရုပ်ရှင်လောက သားများအားလုံး စုံညီစွာ တက်ရောက် နိုင်စေရန်အတွက် ရန်ကုန်မြို့တွင် ပြန်လည် ကျင်းပရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်နိုင်ရေး အတွက် ၂၀၁၁ ခုနှစ်အတွင်း ရုံတင် ဇာတ်ကားများ အနက်မှ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများကို စိစစ် အကဲဖြတ်လျက် ရှိရာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ၊ ဆုပေးပွဲ အခမ်းအနား ကျင်းပမည့် စင်မြင့်နှင့် မီးအလှဆင် လုပ်ငန်းများအတွက် တင်ဒါများကို မကြာမီ ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်အတွင်း ရုံတင် ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကား များမှာ ဟော့ရှော့ ၃ ၊ အလန်းဇယား ၊ ငါ့နှမလေး ပွသွားပြီ ၊ လာထား အာဘွား ၊ အိုင်လဗ်ဖ်ယူ ၊ ဖလန်း ဖလန်း အချစ် ၊ အားလုံးကဟော့မှ ကြိုက်တယ် ၊ ချောကလက် ဘေဘီ ၊ ချိန်း ၊ ၀ဋ်ကြွေး ၊ ထာဝရ အလင်းတန်းများ ၊ ချစ်ပန်းဝေ ၊ အမွှေဇယား ၊ ရင်ကွဲနာ နဲ့ ပန်းကြာဝတ်မှုန် ဇာတ်ကားတို့ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment