Pages

Sunday, October 28, 2012

သဘာဝဓာတ်ငွေ့သုံး နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ ဆောက်လုပ်မည်




နေပြည်တော် ၊ ၂၈-၁၀-၂၀၁၂

သာကေတမြို့နယ် တွင် ဆောက်လုပ်လျက် ရှိသည့် သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံ နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေး စက်ရုံကို လာမည့် ၂၀၁၆ ခုနှစ်တွင် အပြီး ဆောက်လုပ် သွားမည် ဖြစ်ကြောင်း နေပြည်တော်ရှိ လျှပ်စစ် စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြောင်း သိရသည်။

အဆိုပါ ဓာတ်အားပေး စက်ရုံကို ကိုရီးယားနိုင်ငံ မှ Busan Korea Biotechnology Company က တာဝန်ယူ ဆောက်လုပ်ခြင်း ဖြစ်ပြီး ပြီးစီးပါက လျှပ်စစ်ဓာတ်အား ၅၀၀ မဂ္ဂါဝပ် ထုတ်လုပ် ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဓာတ်အားပေး စက်ရုံကို စတင် ဆောင်ရွက်လျက် ရှိပြီး စီမံကိန်း အဆင့်အလိုက် ပြီးစီးမှု အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွက် လျှပ်စစ် ဓာတ်အား ၁၆၆ မဂ္ဂါဝပ် စတင် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment