Pages

Sunday, October 28, 2012

ပြည်ပခရီးသွားများ ရန်ကုန် မီးရထားဘူတာကြီး နှင့် အင်းစိန်မြို့ပတ် ဆင်ခြေဖုံးရထား ခရီးစဉ်အား လေ့လာမှု ပိုများပြား




ရန်ကုန် ၊ ၂၈-၁၀-၂၀၁၂

ယခု ပွင့်လင်းရာသီ ကာလ အချိန်ဖြစ်၍ ပြည်ပခရီးသွား ဧည့်သည်များမှာ စီးပွားရေး မြို့တော် ရန်ကုန်သို့ တစ်နေ့တခြား ရောက်ရှိ လာရာတွင် ရန်ကုန် မီးရထား ဘူတာရုံကြီး တွင် စင်္ကြန် အမှတ်(၆) နှင့် (၇)ရှိ ရထား ခရီးစဉ်များကို မှတ်တမ်း ဓာတ်ပုံဖြင့် ရိုက်ကူး လေ့လာ ကြသလို ရန်ကုန် ဆင်ခြေဖုံး လော်ကယ် ရထားဖြင့် အင်းစိန်သို့ လက်ဝဲရစ် ရထားစီး အစီအစဉ် လေ့လာမှု ပိုမို များပြား လာကြောင်း သိရသည်။

အထူးသဖြင့် ဥရောပ နိုင်ငံများမှ ဆွီဒင် ၊ နော်ဝေ ၊ ပြင်သစ် ၊ စပိန် ၊ ဂျာမဏီ နှင့် အီတလီ နိုင်ငံသားများ ပိုမိုများပြား လာပြီး ဧည့်ကြိုယာဉ် Express Bus ဖြင့် ခရီးသွား ကြသည်ထက် မြို့ပတ်ရထား စီး၍ ခရီးသွား ခြင်းကို ပိုမို စိတ်ဝင်စား ကြသည်။ နိုင်ငံခြားသား ခရီးသွားများမှာ လွတ်လပ်မှု ရှိပြီး မြန်မာခရီးသွား ပုဂ္ဂိုလ်များနှင့် ရင်းနှီးစွာ တွေ့ဆုံ ပြောဆိုခြင်းကို သဘောကျ ကြသည်။ မီးရထား ၀န်ထမ်းများနှင့် မေးမြန်းခွင့် ရကြပြီး မြေပုံလမ်းညွှန် များဖြင့် နေရာအနှံ့ သွားလာသည့် အပေါ် ကျေနပ်မှု များကို တွေ့ရှိရသည်ဟု ဧည့်လမ်းညွှန် ကြီးကြပ်သူ၏ ပြောပြချက်အရ သိရှိရသည်။

No comments:

Post a Comment