Pages

Sunday, October 28, 2012

နိုင်ငံတကာ ပညာရေးပြပွဲ ကျင်းပ




ရန်ကုန် ၊ ၂၈-၁၀-၂၀၁၂

Crown Education မှကြီးမှူး ပြုလုပ်သည့် စင်ကာပူ နိုင်ငံမှ Edu Trust လက်မှတ်ရ ကျောင်းများ ၊ အင်္ဂလန် ၊ သြစတြေးလျ ၊ နယူးဇီလန် ကျောင်းများ ပါဝင် ပြသသည့် နိုင်ငံတကာ ပညာရေး ပြပွဲကို ၂၇-၁၀-၂၀၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ၊ အလုံလမ်းရှိ Summit Parkview ဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါ Singapore - UK - Australia - New Zealand ပညာရေး ပြပွဲများတွင် စင်ကာပူ ကျောင်း (၆)ကျောင်း ၊ အင်္ဂလန်ကျောင်း (၅)ကျောင်း ၊ သြစတြေးလျ (၃)ကျောင်း ၊ နယူးဇီလန် (၃)ကျောင်း တို့၏ အချက်အလက် များကို ရှင်းလင်း တင်ပြကြပြီး စင်ကာပူနှင့် အင်္ဂလန် ကျောင်းများမှ ၄၀ ရာခိုင်နှုန်း အထိ ပညာသင် ထောက်ပံ့ကြေး များကို ပညာရေး စာရွက်စာတမ်းများ ယူလာကြ သူများအား သီးသန့် Scholarship Information Counter တွင် ချက်ခြင်း လျှောက်ထားနိုင်ရန် စီစဉ် ပေးလျက် ရှိသည်။

အထက်ပါ ကျောင်းများ၏ သတင်းအချက် အလက်များကို လေ့လာနိုင်မည် ဖြစ်သည့်အပြင် သက်ဆိုင် ရာ ကျောင်းအသီးသီး မှလည်း Presentation များ ကျင်းပ ပြုလုပ်ပေးခြင်းကြောင့် မိမိတို့ စိတ်ဝင်စား သည့် နိုင်ငံအလိုက် သတ်မှတ်ထားသည့် အချိန်များ အတွင်း Seminar များကို လေ့လာ နားထောင် နိုင်အောင် စီစဉ်ပေး ထားလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment