www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 14, 2013

ယာဉ်သွားလမ်းကြောင်း ယာယီ ပြောင်းထားခြင်းကြောင့် ရွှေတိဂုံ ဘုရားသို့ သွားလိုသူများ အတွက် အဆင်ပြေ



ရန်ကုန် ၊ ၁၄-၁၀-၂၀၁၃

ရန်ကုန်မြို့ရှိ ရွှေဂုံတိုင်လမ်း နှင့် ကမ္ဘာအေး ဘုရားလမ်းဆုံ တွင် တည်ဆောက်လျက် ရှိသော ရွှေဂုံတိုင် ခုံးကျော်တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြောင့် ယာဉ်များ ထိခိုက်မှုများ မဖြစ်ပေါ် စေရန် အတွက် အဆိုပါလမ်းဆုံ အနီးရှိ ကမ္ဘာအေး ဘုရားလမ်း ပိုင်းကို ခေတ္တ ယာယီ ပိတ်ထားကာ တခြားသော လမ်းများမှ မော်တော်ယာဉ် များကို ယာဉ်သွား လမ်းကြောင်း ယာယီ ပြောင်းထား ခြင်းကြောင့် ရွှေတိဂုံ ဘုရားသို့ သွားလိုသူများ အတွက် အဆင်ပြေ မောင်းနှင် သွားလာ စေသဖြင့် ယခုအခါ လိုင်းကား တချို့သည် ရွှေတိဂုံဘုရား သို့ သွားရာ ကြားတောရလမ်း မှတစ်ဆင့် ရွှေတိဂုံလမ်း ဘက်သို့ ရောက်အောင် ဖြတ်သန်း မောင်းနှင် ကြရသည်။


ထိုကဲ့သို့ လိုင်းကားများ လမ်းကြောင်းပြောင်း မောင်းနှင် ရာတွင် ရွှေတိဂုံ ဘုရားအနီးမှ မောင်းနှင် သွားလာကြ ရသဖြင့် ရပ်နီးရပ်ဝေး မှနေ၍ ရွှေတိဂုံဘုရား သို့ လာရောက် ဖူးမြော်ကြသူများ အတွက် ပိုမို အဆင်ပြေကာ ဘုရားသို့ ရောက်ရန် လမ်းအနည်း ငယ်သာ လျှောက်ရ တော့သည်။ ယခင်က ဗဟန်း (၃)လမ်း မှတ်တိုင်ဘက်မှ နေ၍ ဘုရားဖူး လာကြသူ များသည် ဘုရားသို့ ရောက်ရန် မိုင်ဝက် ကျော်ခန့် လမ်းလျှောက် ကြရသော်လည်း ယခုအခါ ဘုရား ခြေတော်ရင်း အနီးရှိ လမ်းဆုံအထိ လိုင်းကားများ ရောက်ရှိ ခြင်းကြောင့် ဘုရား အရှေ့ဘက်မုခ်မှ တစ်ဆင့် ဘုရားလာဖူး ကြသူများလည်း ပိုမိုများပြား လာသည်ကို တွေ့ရသည်။ ယင်းသို့ မော်တော်ယာဉ် များ သွားလာရန် လမ်းကြောင်း ပြောင်းထား ခြင်းကို ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက် ပြီးစီးလု နီးပါးအချိန် အထိ ယာယီ သတ်မှတ် ထားမည်ဖြစ်ပြီး အဆိုပါ ရွှေဂုံတိုင် ခုံးကျော် တံတားသည် လာမည့် နိုဝင်ဘာလ တတိယပတ် လောက်တွင် အပြီး တည်ဆောက် သွားရန် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger