www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 14, 2013

ဆီးဂိမ်းပြိုင်ပွဲတွင် နိုင်ငံတကာ တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့သုံးဖွဲ့မှ လာရောက် စစ်ဆေးမည်


ရန်ကုန် ၊ ၁၄-၁၀-၂၀၁၃

မြန်မာနိုင်ငံ တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၌ နိုင်ငံတကာ မှ တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့သုံးဖွဲ့ လာရောက် စစ်ဆေး ပေးမည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနမှ အားကစား ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ ပြိုင်ပွဲအတွင်း ယှဉ်ပြိုင် ကြမည့် အားကစား သမားများ အနေဖြင့် တားမြစ် ဆေးဝါးများ သုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်မည် ဖြစ်ရာ အတိအကျ စစ်ဆေး ပေးနိုင်ရေး အတွက် ယင်းကဲ့သို့ လာရောက်မည် ဖြစ်ကြောင်း ၊ ထို့အပြင် စစ်ဆေးမှု ပြုလုပ်ရာ၌ တားမြစ်ဆေး သုံးစွဲခြင်း ရှိ၊ မရှိကို မည်သည့် အားကစား သမားကိုမှ အသိပေးခြင်း မပြုဘဲ ရှောင်တခင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

'' နိုင်ငံတကာ ကလည်း ပါဝင်မှာဖြစ် သလို မြန်မာနိုင်ငံ အနေနဲ့လည်း ဖွဲ့စည်း ထားတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်မယ့် ဆရာဝန်တွေ ၊ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတွေ လည်း ပါဝင် ပါမယ် ..." ဟု ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။


မြန်မာနိုင်ငံ အတွင်းရှိ အားကစား အဖွဲ့ချုပ် အသီးသီးတွင် နိုင်ငံတကာ အသိအမှတ်ပြု အားကစား အရေအတွက် နည်းပါး နေကြောင်း ၊ ယင်းအတွက် နိုင်ငံတကာ အဖွဲ့ဝင်များက ၀င်ရောက် ဆောင်ရွက်မည် ဖြစ်ပြီး ပြိုင်ပွဲ မစတင်မီ အချိန်တွင် အားကစား သမားများ၏ ဆီးနမူနာကို အရှေ့တောင် အာရှ အိုလံပစ် ကော်မတီသို့ ပေးပို့ စစ်ဆေး ရမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့ဖြစ်သည့် ဂျပန်နိုင်ငံမှ ငါးဦး ၊  အာဆီယံ ခုနစ်နိုင်ငံမှ တားမြစ်ဆေး ဆန့်ကျင်ရေး အဖွဲ့ဝင် ခုနစ်ဦး ၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ ကျင်းပရေး ကော်မတီမှ ၁၁ ဦး ပါဝင်မည် ဖြစ်ကြောင်း ၊ ထို့အပြင် မြန်မာနိုင်ငံမှ ရန်ကုန် ၊ မန္တလေး နှင့် မကွေး ဆေးတက္ကသိုလ် များမှ နောက်ဆုံးနှစ် (အပိုင်း-က) ကျောင်းသား ဦးရေ ၁ဝဝ ၊ ၂ဝ၁၁ ခုနှစ်က တားမြစ်ဆေး နှင့် ပတ်သက်၍ သင်တန်းများ ပို့ချ ထားသည့် ဆရာဝန် ၅၂ ဦး ပါဝင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger