Pages

Thursday, April 4, 2019

ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ရွာသားလေးဦးအား ကေအိုင်အေ အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

ဖားကန့်မြို့နယ်၊ ဘန်ကောက်ကျေးရွာရှိ ရွာသားလေးဦးအား ကေအိုင်အေ အဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်
-
နေပြည်တော်   ဧပြီ  ၃ 
-
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု၊ ဘန်ကောက်ကျေးရွာနေ ဦးဖော်လီဆာ၊ မောင်နော်လီဒွေ့၊ ဦးဒီယော်ဆာနှင့် မောင်ဖူယော်ဒွေ့တို့ လေးဦးသည် မတ် ၄ ရက်တွင် ကျေးရွာအနီးရှိနွမ်နချောင်းဖျား၌ ရွှေတူးဖော် လုပ်ကိုင်လျက်ရှိစဉ် မတ် ၁၁ ရက်တွင် ကေအိုင်အေအဖွဲ့မှ အင်အား ၂ဝ ဦးခန့်က လက်နက်ငယ် ကိုယ်စီဖြင့် ရောက်ရှိလာပြီး ၎င်းတို့လေးဦးအားတနိုင်းယန်နေရာသို့အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 
-
ထို့နောက် ၎င်းတို့လေးဦးအနက်မှ ဦးဖော်လီဆာသည်မတ် ၂၁ ရက်တွင် တနိုင်းယန်မှ တောလမ်းအတိုင်း ပြန်လည်ထွက်ပြေး လွတ်မြောက်လာခဲ့ပြီး ကေအိုင်အေ အဖွဲ့၏  ညှဉ်းပန်း နှိပ်စက်မှုကြောင့်ဒဏ်ရာများရရှိခဲ့ရာ မတ် ၃၁ ရက်တွင် မြစ်ကြီးနားမြို့ရှိ တပ်မတော် ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment