Pages

Thursday, April 4, 2019

မင်းကင်းမြို့နယ်အတွင်း၌ တရားမဝင်သစ်များသိမ်းဆည်းရမိ

မင်းကင်းမြို့နယ်အတွင်း၌ တရားမဝင်သစ်များသိမ်းဆည်းရမိ
-
နေပြည်တော် ဧပြီ ၃ 
-
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက် နံနက် ၁ဝ နာရီခန့်တွင် ရှဲကျေးရွာ၏မြောက်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့ အရောက်၌တရားမဝင် အင်သစ်လုံး(ခန့်မှန်း ၃ ဒသမ ဝ၉၄ တန်)နှင့် အင်သစ်ခွဲသားဆိုဒ်စုံ (ခန့်မှန်း သုည ဒသမ ၆၅၄၂ တန်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
-
ထို့ပြင် ပူးပေါင်းအဖွဲ့သည် မွန်းလွဲ ၂ နာရီခန့်တွင် မောက္ကတော်ကျေးရွာ၏ အနောက်တောင်ဘက်မီတာ ၁ဝဝဝ ခန့် အကွာ၌ တရားမဝင်ကညင်သစ်လုံး (ခန့်မှန်း၅ ဒသမ ၈၃၈ တန်)နှင့် အင်ပင်လှကျေးရွာ၏အနောက်ဘက် မီတာ ၅ဝဝ ခန့်အကွာ၌ တရားမဝင် ကညင်သစ်လုံး(ခန့်မှန်း ၃ ဒသမ ၂၉၆ တန်)တို့ကို ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။ 
-
အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များအား မင်းကင်းမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment