Pages

Monday, April 1, 2019

မိုင်းခုတ်မြို့နယ်၊ မိုင်းနင်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

မိုင်းခုတ်မြို့နယ်၊ မိုင်းနင်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ
-
နေပြည်တော် မတ် ၃၁ 
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းခုတ်မြို့နယ်၊မိုင်းနင်းကျေးရွာရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များကအဆိုပါကျေးရွာရှိ   ပြည်သူ့စစ်(ဌာနေ) ကြီးကြပ်ရေးမှူး ရုံးသို့ သွားရောက်တွေ့ဆုံသည်။ 
-
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရေပိုက်များနှင့်ဝတ်စုံများအား ပေးအပ်သည်။ ယင်းနောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။   
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment