Pages

Monday, April 1, 2019

တပ်မတော်ပန်းခြံနှင့် သူရဲကောင်း ဗိမာန်တို့၌ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ

တပ်မတော်ပန်းခြံနှင့် သူရဲကောင်း ဗိမာန်တို့၌ လာရောက်လေ့လာ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိ
-
နေပြည်တော် မတ် ၃၁ 
-
၂ဝ၁၉ ခုနှစ်၊ (၇၄)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံအား မတ် ၂၇ ရက်မှ စတင်ဖွင့်လှစ်ထားရှိပြီး ပန်းခြံအတွင်း ရေပန်းများ၊ မီးအလှများ တပ်ဆင်ထားရှိသည်။ ၎င်းအပြင် တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်တို့ကို ထူထောင်ခဲ့သော အနော်ရထာ၊  ဘုရင့်နောင်၊အလောင်းဘုရားမင်းမြတ် သုံးပါး ရုပ်တုကြီးများ ခံ့ညားထည်ဝါစွာ ရှိသည့်အပြင်  အနီးပတ်ဝန်းကျင်တွင်လည်း ဇေယျာသီရိကုန်တိုက်၊ ကလေးကစားကွင်း၊ ရေကူးကန်၊ စားသောက်ဆိုင်များလည်းရှိသည်။ အဆိုပါတပ်မတော် ပန်းခြံ၌ ယနေ့တွင်လည်း လာရောက်အပန်းဖြေ လေ့လာသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ 
-
ထို့ပြင်နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် အသက်ကို စွန့်လွှတ်ခဲ့ရသည့်သူရဲကောင်းများအားဂုဏ်ပြုရန်နှင့် မျိုးဆက်သစ် လူငယ်များ၏စိတ်တွင် နိုင်ငံကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်း လာစေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော သူရဲကောင်းဗိမာန် (နေပြည်တော်)နှင့် မတ် ၂၆ ရက်တွင် (၇၄)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဖွင့်လှစ်ခဲ့သောအောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူခြောက်ဦး၏ ရုပ်တုတို့ကိုလည်း လာရောက်လေ့လာအပန်းဖြေသူများဖြင့်စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ




No comments:

Post a Comment