Pages

Friday, February 1, 2019

ကျော်မင်းဦး၏ ဆေးမှတ်တမ်းကို ဂျပန် နိုင်ငံသို့ ပေးပို့ကာ ဘောလုံး ပြန်လည် ကစားနိုင်ရန် MFF စီစဉ်

ကျော်မင်းဦး၏ ဆေးမှတ်တမ်းကို ဂျပန် နိုင်ငံသို့ ပေးပို့ကာ ဘောလုံး ပြန်လည် ကစားနိုင်ရန် MFF  စီစဉ်
-
ရန်ကုန်  ဇန်နဝါရီ  ၃၁ 
-
ရန်ကုန်ယူနိုက်တက် အသင်း၏ မြန်မာ့လက်ရွေးစင်ကွင်းလယ် ကစားသမား ကျော်မင်းဦးသည် ဒူးဒဏ်ရာကြောင့် ကစားသမား ဘဝမှ အနားယူမည်ဟု ကြေညာပြီးနောက် ၎င်း၏ ဆေးမှတ်တမ်းကိုမြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ဂျပန်နိုင်ငံသို့ ပေးပို့ ရန် စီစဉ်ထားကြောင်း သိရသည်။ 
-
''MFF ဥက္ကဋ္ဌက ကျော်မင်းဦးကို ဘောလုံးပြန်ကစား စေချင်ပါတယ်။ ဒါကြောင့် သူဆေးကုသခဲ့တဲ့ မှတ်တမ်း တွေကို ဂျပန်နိုင်ငံကို ပို့ပြီး ဆေးစစ်မယ်၊  ပြီးရင် ပြန်ကစားနိုင်အောင်  ကြိုးပမ်းမယ်''ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း ကပြောသည်။ 
-
ကျော်မင်းဦးသည် ဒူးဒဏ်ရာကို ကာလရှည်ကုသသူဖြစ်ပြီး ယင်း ဒဏ်ရာကြောင့်ပင် အနားယူရန်ဆုံးဖြတ်ခြင်းဖြစ်သည်။ ကျော် မင်းဦးသည်  ဗန်ကောက်မြို့၌  ၎င်း၏ ဒူးဒဏ်ရာကို ပြီးခဲ့သည့်နှစ်အတွင်းက ကုသခဲ့ခြင်းဖြစ်ပြီး Police Tero အသင်းတွင် လေ့ကျင့်ခန်း ပြုလုပ်ခဲ့သည်။ 
-
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် ကျော်မင်းဦး နှင့်အတူ  ငြိမ်းချမ်းအောင်၏ ဆေးမှတ်တမ်းဖိုင် ကိုပါ ဂျပန် နိုင်ငံသို့ ပေးပို့ မည်ဖြစ်ပြီး လိုအပ်ပါက  ထပ်မံခွဲစိတ်ရန် စီစဉ်ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment