Pages

Friday, February 1, 2019

နယ်စပ် ဒေသ အသီးသီးမှ လူငယ် မောင်မယ်များ နေပြည်တော် အတွင်း ဆက်လက် လေ့လာ

နယ်စပ် ဒေသ အသီးသီးမှ လူငယ် မောင်မယ်များ နေပြည်တော် အတွင်း  ဆက်လက် လေ့လာ
-
နေပြည်တော်  ဇန်နဝါရီ  ၃၁ 
-
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ရောက်ရှိနေသောနယ်စပ်ဒေသ အသီးသီးမှ လူငယ် မောင်မယ် များသည် ဆဋ္ဌမအကြိမ်မြောက် လေ့လာရေးခရီးစဉ် စတုတ္ထနေ့အဖြစ် ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အတွင်းသို့ ရောက်ရှိလေ့လာကြသည်။ 
-
အားကစားကွင်းအတွင်းအားကစားနည်းအလိုက်လေ့ကျင့်နေမှုများ၊အပြည်ပြည်ဆိုင်ရာပြိုင်ပွဲဝင် အားကစား နည်းများ ပြခန်းနှင့်   အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းတင်ဓာတ်ပုံများကို ကြည့်ရှုလေ့လာရာ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း တာဝန်ခံက လိုက်လံရှင်းလင်း ပြသခဲ့သည်။  
-
ဆက်လက်၍ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (MWD) သို့ ရောက်ရှိ လေ့လာရာ တာဝန်ရှိသူ တစ်ဦးက ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အဆိုအကများဖြင့် ဖျော်ဖြေခဲ့သည်။ ထို့နောက် မြဝတီ ရုပ်မြင်သံကြား၏ နောက်ခံသမိုင်းကို Video Projectorဖြင့် ပြသခဲ့ပြီးနောက် လေ့လာရေးအဖွဲ့ဝင်များက ရိုးရာ ယဉ်ကျေးမှုများအား ဖလှယ်ခြင်းအစီအစဉ်အရ ရိုးရာအကများဖြင့်သီးခြားစီကပြဖျော်ဖြေခဲ့ပြီး လေ့လာရေး အထိမ်းအမှတ်အလံအား အပြန်အလှန် ပေးအပ်ခဲ့သည်။ 
-
ယင်းနောက် မြဝတီစာပေတိုက်မှ စာအုပ် များနှင့်စာစောင်များကို လေ့လာရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးထံ လက် ဆောင် ပေးအပ်ခဲ့သည်။ ဆက်လက်၍ လူငယ်မောင်မယ် လေ့လာရေးအဖွဲ့ဝင်များသည် မြဝတီရုပ်မြင်သံကြား ထုတ်လွှင့်ရေးစက်ရုံ အတွင်းရှိ သတင်းရိုက် ကူးခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက် နေမှုများအား လေ့လာကြရာ တာဝန်ရှိသူများကလိုက်လံရှင်းလင်း ပြသခဲ့သည်။ ထို့နောက် လူငယ်မောင်မယ် လေ့လာရေး အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် အမျိုးသားပြတိုက်သို့ သွားရောက် လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။ 
-
ဝေယံ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment