Pages

Wednesday, February 6, 2019

ကေတုမတီမြို့၊ ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်များအား စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ကေတုမတီမြို့၊   ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ  သံဃာတော်များအား  စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၅ 
-
ပဲခူးတိုင်းဒေသကြီး၊  တောင်ငူမြို့နယ်၊ ကေတုမတီမြို့ရှိ ကေတုမတီသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ စာသင်၊ စာချ သံဃာတော်များအား စာရေးကိရိယာနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင်အဆိုပါ သီတဂူ ဗုဒ္ဓတက္ကသိုလ်၌ ပြုလုပ်ရာကေတုမတီ သီတဂူဗုဒ္ဓ တက္ကသိုလ်ကျောင်းဆရာတော် ဘဒ္ဒန္တတိက္ဓသာရ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများတက်ရောက်ကြသည်။ 
-

-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက စာသင်၊ စာချ သံဃာတော်များအား အရုဏ်ဆွမ်း လောင်းလှူကြသည်။ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများကသီတဂူဗုဒ္ဓတက္ကသိုလ်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး စာရေးကိရိယာနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ် လှူဒါန်းသည်။ ထို့ပြင် အဆိုပါသီတဂူ ဗုဒ္ဓတက္ကသိုလ်မှ စာသင်၊စာချ သံဃာတော် ၈ဝ ပါးအားတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သွေးတိုးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ အရိုး/ အကြောရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ECG စက်၊ Ultrasound  စက်များဖြင့်  ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော သံဃာတော်များအားတောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment