Pages

Wednesday, February 6, 2019

၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ

၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်  ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပ
-
ရန်ကုန်  ဖေဖော်ဝါရီ  ၅ 
-
အားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိရေး၊အားကစားအဆင့်အတန်းတိုးတက်မြင့်မား လာစေ ရေးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်  ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံတော်က အားထားရသည့်နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားကောင်း များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ (၉) မိုင်ရှိ  မြန်မာဂေါက်ကလပ်၌ ကျင်းပသည်။ 
-
အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲကို ဖေဖော်ဝါရီ ၅ရက် မှ ၈ရက်အထိ ကျင်းပသွား မည်ဖြစ်သည်။ ပြိုင်ပွဲတွင် တစ်ဦးချင်း(အကျောမဲ့) အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ တစ်ဦးချင်း(အကျောပေး)  အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ၊ အသင်းလိုက်(အကျောမဲ့) အမျိုးသား/အမျိုးသမီးပြိုင်ပွဲနှင့် အသင်းလိုက် (အကျောပေး) အမျိုးသား/ အမျိုးသမီးပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ပြီးကချင်ပြည်နယ်အသင်း၊  ရခိုင်ပြည်နယ် အသင်း၊ မကွေးတိုင်း ဒေသကြီး အသင်းနှင့် နေပြည်တော် အသင်းတို့မှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့်  ပြည်နယ် ၁၁ သင်း တို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ 
-
၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲဆုပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲကို စိတ်ပါဝင်စား သူများအနေဖြင့်မည်သူမဆိုအခမဲ့လာရောက် ကြည့်ရှု နိုင်ကြောင်းသိရသည်။ 
-
ဝန်းရံခ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment