Pages

Friday, February 1, 2019

ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပမည်

ပြည်ထောင်စုနေ့ အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ  ကျင်းပမည်
-
လားရှိုး ဇန်နဝါရီ ၃၁ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့၌ ဖေဖော်ဝါရီ ၁ဝ ရက်တွင် Lashio Mountain Bike Challenge ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ 
-
''စက်ဘီးစီးပြိုင်ပွဲကို ပြည်ထောင်စုနေ့ အထိမ်းအမှတ်ကျင်းပတာပါ။ ရည်ရွယ်တာကတော့ မူးယစ်ဆေးဝါး သုံးစွဲမှု လျှော့ချစေဖို့၊ စက်ဘီးစီးအားကစားကို လူငယ်လူရွယ်တွေစိတ်ပါဝင်စားမှုရှိလာစေဖို့၊ ကျန်းမာကြံ့ခိုင်စေဖို့အတွက်ရည်ရွယ်ပြီးကျင်းပတာပါ။ ပြိုင်ပွဲကို တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ဘီးစီး အားကစားသမားတွေ ဖိတ်ခေါ်ယှဉ်ပြိုင်မှာပါ။ အများဆုံး ကတော့ရန်ကုန်နဲ့ မန္တလေးမြို့တို့က စက်ဘီးစီးသမားတွေလည်း လာပြိုင်မယ်။ ဒေသတွင်းက စက်ဘီးစီးသမား တွေလည်းပါမယ်။ ပြိုင်ပွဲကိုတော့ အတန်းလေးတန်းခွဲထားပါတယ်''ဟု ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ စက်ဘီးစီးအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွတ်နွံက ပြောသည်။ 
-
ယခုစက်ဘီးစီး ပြိုင်ပွဲကို လားရှိုးမြို့၌ ပထမအကြိမ်ကျင်းပခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁ဝ ရက်တွင် မြို့တော်ခန်းမမှ စတင်တာလွှတ်ပြီး သာသနာ ၂၅ဝဝ ဘုရား၌ ဆုရရှိသူများအားဆုများ ပေးအပ်မည်ဖြစ်ကာပါဝင်ယှဉ်ပြိုင်လိုပါက ဖုန်း-ဝ၉-၂၅၉၁၁၆ဝ၅ဝ၊ ဝ၉-၄၁ဝဝ၁၁၁၄ နှင့် ဝ၉-၄၁ဝဝ၁၁၆၄ တို့သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment