Pages

Monday, February 25, 2019

ချင်းပြည်နယ်အတွင်း ဖြစ်နိုင်ခြေရှိသည့် အသေးစား ရေအားလျှပ်စစ် စီမံကိန်း ၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံ လိုသူများ ခေါ်ယူမည်

ချင်းပြည်နယ်အတွင်း ဖြစ်နိုင်ခြေရှိသည့် အသေးစား ရေအားလျှပ်စစ် စီမံကိန်း ၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံ လိုသူများ ခေါ်ယူမည်
-
ဟားခါး ဖေဖော်ဝါရီ ၂၄ 
-
ချင်းပြည်နယ်အတွင်း ဖြစ်နိုင်ခြေရှိသည့် အသေးစား ရေအားလျှပ်စစ် စီမံကိန်း ၁၇ ခု ရှိပြီး ရင်းနှီးမြှုပ်နှံသူများ ခေါ်ယူမည် ဖြစ်ကြောင်း ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 
-
''ချင်းပြည်နယ်မှာ လျှပ်စစ်လုပ်နိုင်တဲ့ နေရာတွေ အများကြီး ရှိပါတယ်။ လျှပ်စစ်ကဏ္ဍမှာတော့ မဟာဓာတ်အားလိုင်းက ရတယ်။ ကျန်တဲ့မြို့နယ်၊  ရွာတွေမှာတော့ မရဘူး။ စွမ်းအင်ထုတ်မယ်ဆိုရင် ချင်းပြည်နယ်မှာ နေရာ တော်တော်များများ ရှိပါတယ်။ လျှပ်စစ်ကဏ္ဍကို ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တော်တော်ကို အရှုံးခံရမယ်။ ရင်းနှီးမြှုပ်နှံမယ့် လူဘက်က စဉ်းစားမယ်ဆိုရင် တော်တော် စွန့်စားပြီးတော့ လုပ်ရမယ့် အနေအထားဖြစ်တယ်''ဟု ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့်   ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက ပြောသည်။ 
-
လက်ရှိ အစိုးရလက်ထက် ပထမ နှစ်နှစ်တာကာလအတွင်း  ချင်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ စူးစမ်းလေ့လာလိုသော တရုတ်၊ ဂျပန်၊ နော်ဝေနိုင်ငံတို့မှ ကုမ္ပဏီများ အနည်းဆုံး ခုနစ်ဖွဲ့ခန့်ရှိပြီး လျှပ်စစ်ဥပဒေ ၂ဝ၁၄ အရ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်ကို မဂ္ဂါဝပ် ၃ဝ အထိ ပေးအပ်ထားကြောင်း သိရသည်။ 
-
ချင်းပြည်နယ်တွင် မြစ်ချောင်းများ ပေါများသည့်အတွက် အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အလားအလာ ရှိခြင်းကြောင့် တည်ဆောက်ပြီးသည့် အသေးစား ရေအား လျှပ်စစ်စီမံကိန်း ရှစ်ခုရှိပြီး ယင်းတို့မှ လျှပ်စစ်ဓာတ်အားစုစုပေါင်း ၃၉၁ဝ ကီလိုဝပ် ထုတ်လုပ်ပေးလျက်ရှိရာ ချင်းပြည်နယ်ဖွံ့ဖြိုးရန် အဓိက လိုအပ်ချက်တွင်လျှပ်စစ်မီး ရရှိရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ကြောင်း သိရသည်။         -
ထယ်လ်ဏ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment